သက်ငယ်မုဒိမ်းမှု ပပျောက်ရေး အသိပညာပေးပွဲ ကျင်းပ

2018-03-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် လူထုအသိပညာပေးပွဲကို ရန်ကုန်မြို့၊ မျှော်စင်ကျွန်းမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ကျင်းပစဉ်
သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် လူထုအသိပညာပေးပွဲကို ရန်ကုန်မြို့၊ မျှော်စင်ကျွန်းမှာ ၂၀၁၈ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ကျင်းပစဉ်
Photo: Htet Arkar/ RFA

သက်ငယ်မုဒိမ်းမှု ပပျောက်ရေးအတွက် လူထုအသိပညာပေးပွဲကို ရန်ကုန်မြို့၊ ကန်တော်ကြီးထဲက မျှော်စင်ကျွန်းမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

သက်ငယ်မုဒိမ်းမှု ကျုးလွန်သူတွေကို ကြီးလေးတဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့ ရည်ရွယ်တယ်လို့ ပွဲကျင်းပရေး ပြန်ကြားရေး တာဝန်ခံ ဒေါ်ရီရီသာ က ပြောပါတယ်။

"ကျမတို့ ဒီနေ့လုပ်တဲ့ လှုပ်ရှားမှုအနေနဲ့တော့ ကျမတို့ဟာ ဘာလဲဆိုတော့ တိကျထိရောက်ပြီးတော့ ပြင်းထန်တဲ့ အလုပ်ကြမ်းနဲ့ နှစ်ရှည်အပြင် မည်သည့်နည်းနဲ့မှ လွတ်ငြိမ်းချမ်းသာခွင့်မရှိစေရဆိုတဲ့ ပြစ်မှုပုံစံမျိုးနဲ့ ကျမတို့ အနေနဲ့ သွားချင်ပါတယ်ရှင့်"

ပွဲမှာ မုဒိမ်းမှု ကျုးလွန်သူတွေကို ထိရောက်တဲ့ ပစ်ဒဏ်ချမှတ်ပေးဖို့ ပိုစတာတွေ၊ တောင်းဆိုချက်တွေနဲ့ အတူ သူစိမ်း၊ လူတစ်စုံတယောက်က ကလေးသူငယ်တွေကို သွေးဆောင် ခေါ်ဆောင်တဲ့အခါ ကာကွယ်နိုင်ဖို့ သရုပ်ပြတာတွေ လည်း ပါဝင်ခဲ့ပါတယ်။

အနုပညာရှင်တွေ၊ ဥပဒေ ပညာရှင်တွေကလည်း သက်ငယ်မုဒိမ်းမှု ပပျောက်ရေးနဲ့ ပစ်ဒဏ်ချမှတ်ရေးအတွက် လိုအပ်ချက်တွေကို ဒီနေ့ပွဲမှာ ထောက်ပြပြောဆိုခဲ့ပါတယ်။

လူငယ်တွေ၊ အနုပညာရှင်တွေ နဲ့ ပရဟိတ အသင်းအဖွဲ့တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့