ကလေးစစ်သား ပြန်ခေါ်ဖို့ မိဘတွေကြိုးပမ်း

အသက် ၁၅ နှစ် အရွယ် ကလေးတဦး စစ်သားအဖြစ် စုဆောင်းခံရတဲ့ အတွက် မိဘများက ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် အကူအညီနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

2011-08-30
Share
child-soldier ၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့က အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော်မှာ မြန်မာကလေးစစ်သားဟောင်း မောင်ဟိန်းမင်းအောင် ကိုယ်တိုင် သူကိုယ်တိုင် တွေ့ကြုံခဲ့ရသည့် ကလေးစစ်သား ဘဝအကြောင်း တက်ရောက် ထွက်ဆိုခဲ့ပါသည်။
Photo: RFA

ကလေးစစ်သား အဖြစ် စုဆောင်းခံ ရသူကတော့ ရန်ကုန်တိုင်း ဒေသကြီး တွံတေးမြို့နယ် ကွမ်းခြံကုန်း ရပ်ကွက် ကံသာယာ ၁၆ လမ်းက မောင်ကိုသက် ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့မှာ တပ်ကြပ် တဦးက ဖြားယောင်း ခေါ်ဆောင်ပြီး အမှတ် ၂ စစ်သား စုဆောင်းရေးတပ် မန္တလေးကို ပို့ခဲ့တယ်လို့ ဖခင် ဦးဘိုကေသန်းက ပြောပါတယ်။

သားအကြောင်း လိုက်လံ စုံစမ်းတဲ့အခါ ခေါ်သွားတဲ့တပ်ကြပ်က မိဘတွေကို ခြိမ်းခြောက်တယ်လို့ သိရပါတယ်။

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီး မကြာခင်မှာ မောင်ကိုသက်ဟာ မန္တလေး အမှတ် ၂ စစ်သား စုဆောင်းရေး တပ်မှာ စစ်မှုထမ်းဖို့ ရောက်လာကြောင်း အမှတ် ၉ တပ်ရင်းက စာတစောင် ပို့လိုက်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့အကူအညီနဲ့ ဆက်သွယ် စုံစမ်းနေပေမယ့် အခုထိတော့ ထူးခြားမှု မရှိသေးဘူးလို့ ဖခင် ဦးဘိုကေသန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့