ကလေးစစ်သားပပျောက်ရေး ကြားနာပွဲတစ်ရပ် ကျင်းပမယ်


2014.12.04
child-soldier-handover-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီးပေါ်ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကလေးစစ်သားများအား မိဘ အုပ်ထိန်းသူထံ ပြန်လည် အပ်နှံသည့် အခမ်းအနား ကျင်းပနေစဉ်။
RFA

ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေး သဘောတူညီ ချက် ၂၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကလေးစစ်သား ပပျောက်ရေး ကြားနာပွဲတစ်ရပ် ကျင်းပမယ်လို့ အီးယူ ဥရောပပါလီမန် သတင်းက ဖေါ်ပြပါတယ်။

ကလေးတွေဟာ စစ်သားမဟုတ်၊ လက်နက်ကိုင် ပဋိပက္ခတွေကြားက ကလေးတွေကို ဘယ်လိုကာကွယ် ကြမလဲ ဆိုတဲ့ ခေါင်းစဉ် နဲ့ဆွေးနွေးကြမှာဖြစ်ပြီး၊ အီးယူ၊ ကုလသမဂ္ဂ၊အရပ်ဘက်အဖွဲ့အစည်းတွေက ကျွမ်းကျင် သူတွေ နဲ့သံရုံးကိုယ်စားလှယ်တွေ တက်ရောက်ကြမယ် လို့သိရပါတယ်။

လာမယ့် ၂၀၁၆ ခုနှစ်မှာ ကမ္ဘာတဝှမ်း ကလေးစစ်သား ပပျောက်ရေးအတွက် ရည်ရွယ်ပြီးကုလသမဂ္ဂက ပြီးခဲ့တဲ့ မတ်လက ကလေးသည်စစ်သားမဟုတ် ဆိုတဲ့ လှုပ်ရှားမှု စတင်ပြသခဲ့ပါတယ်။ ဒီလှုပ်ရှားမှုကို ဥရောပပါလီမန်က အပြည့်အဝထောက်ခံအားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြားကကလေးစစ်သားစုဆောင်းမှု ကိုနိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်ဖျက်နေခဲ့ ကြရာမှာ ထောင်နဲ့ချီ တဲ့ကလေးတွေလွတ်မြောက်ခဲ့ကြပါတယ်။

ဒါပေမဲ့ အာဖဂန်နစ္စတန်၊ ကွန်ဂို၊ မြန်မာ၊ ဆူဒန်၊တောင်ဆူဒန်၊ ဆိုမာလိယာ နဲ့ ယီမင်နိုင်ငံတွေမှာ ကလေးစစ်သား စုဆောင်းတဲ့ ပြဿနာရှိနေဆဲဖြစ်ပါတယ်လို့ အီးယူဥရောပပါလီမန် သတင်းက ဖေါ်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။