အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ကလေးလုပ်သား ၄ သိန်းနီးပါးရှိ


2019.01.09
myanmar-child-worker-622.jpg လုပ်ငန်းခွင်တစ်ခုအတွင်း ကလေးငယ်တစ်ဦးကို တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံမှာ ကလေးလုပ်သား ၄၃ သိန်းရှိပြီး အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ကလေးလုပ် သားပေါင်း ၄ သိန်းနီးပါးရှိတယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမား ညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ၂၀၁၈ ခုနှစ် နှစ်စဉ်လုပ်သားအင်အား ပထမသုံးလပတ် အစီရင်ခံစာအရ သိရပါတယ်။

အဲဒီအန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ ကလေးအလုပ်သမားတွေဟာ မြို့ပြတွေမှာ ၂ ဒဿမ ၆ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသတွေမှာတော့ ၃ ဒဿမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အဲဒီကလေးလုပ်သားတွေရဲ့ နောက်ခံပညာရေးဟာ မူလတန်းအဆင့်မှာ အများဆုံးရှိပြီး အလယ်တန်းပညာရေးမှာ ဦးရေ အနည်းငယ်သာရှိတယ်လို့လည်း ပါရှိပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။