ချင်းအမျိုးသားနေ့ ကျင်းပ

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ဟာ ချင်းအမျိုးသားနေ့ ဖြစ်တဲ့အတွက် ချင်းပြည်နယ်နဲ့ ကမ္ဘာအနှံ့ ချင်းအမျိုးသားများ ရှိရာဒေသအသီးသီးမှာ ရိုးရာပွဲတွေ ဆင်နွှဲနေကြပါတယ်။
2012-02-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
ချင်းပြည်နယ်နှင့် အနီးဝန်းကျင်မှ တိုင်းနှင့်ပြည်နယ်များ၊ အိမ်နီးချင်း နိုင်ငံများ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)
(RFA Map)

အမေရိကန် ပြည်ထောင်စု တင်နယ်စီပြည်နယ် နက်စဘေးမြို့မှာလည်း ချင်းအမျိုးသားနေ့ ကျင်းပခဲ့ကြောင်း ဆလိုင်းလန်းအောင်က ပြောပြပါတယ်။

" ချင်းတိုင်းရင်းသားမျိုးစုံနဲ့ မြို့တော်ဝန်ကို ဖိတ်ကြားပါတယ်၊ ပျော်ပွဲရွှင်ပွဲတွေ၊ ချင်းတိုင်းရင်းသား တစ်မျိုးမှာ အကတစ်မျိုးစီနဲ့ အဆိုအကတွေ ပါပါတယ်၊ ရိုးရာ အစားအသောက်မျိုးစုံနဲ့ ဧည့်ခံပါတယ် ” တင်နက်စီပြည်နယ်က ချင်းအမျိုးသားနေ့ပွဲကို လူ ၄၀၀ ကျော်လောက် တက်ရောက်ကြောင်း သိရပါတယ်။

ချင်းတိုင်းရင်းသားတွေ အနေနဲ့ ချင်းအမျိုးသားနေ့အဖြစ် ကျင်းပလိုကြပေမယ့် မြန်မာနိုင်ငံအတွင်း အစိုးရက ချင်းပြည်နယ်နေ့အဖြစ်သာ ကျင်းပခွင့်ပြုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF ရဲ့ အတွင်းရေးမှူး ဆလိုင်းဇင်ကျုံးက အခုလို မှတ်ချက်ပြုပါတယ်။

" ချင်းအမျိုးသားနေ့ဟာ ချင်းတိုင်းရင်းသားတွေရဲ့ ဂုဏ်အင်လက္ခဏာကို ဖေါ်ပြတဲ့ အမှတ်သင်္ကေၤတ ဆိုရင်မမှားပါဘူး၊ အမျိုးသား တစ်ရပ်ဖြစ်တာနဲ့ အညီ အမျိုးသားနေ့ ရှိတယ်ဆိုတာကိုလည်း ချင်းတမျိုးသားလုံးက ခံယူထားပါတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရော တကမ္ဘာလုံးမှာပါ လွတ်လွတ်လပ်လပ် ကျင်းပချင်ပါတယ်၊ ဒါပေမဲ့ ပြည်တွင်းမှာ အစိုးရ အဆက်ဆက်က ချင်းပြည်နယ်နေ့အဖြစ်နဲ့သာ အစားထိုး ကျင်းပခွင့်ပေးတာဟာ မသင့်တော်ဘူးလို့ ကျနော်တို့ အကြိမ်ကြိမ် ပြောခဲ့ပါတယ် ”

ချင်းအမျိုးသားနေ့ကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပရောက် ချင်းတိုင်းရင်းသားတွေက နောက်ရက်တွေမှာလည်း ဆက်လက် ကျင်းပသွားဖို့ရှိကြောင်း သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့