စစ်ပြေးဒုက္ခသည်များ အခက်အခဲပေါင်းစုံ ကြုံတွေ့နေ


2015.05.01
rakhine-refugees-305.jpg ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ ရက္ခိုင့်တပ်မတော်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ တချို့ကိုတွေ့ရစဉ်
Photo: Zaw Win

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဧပြီ လဆန်းပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့မှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် လေးရာနီးပါးလောက်ဟာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပါတယ်။

ဒုက္ခသည်တွေအတွက် ကူညီမယ့်သူ မရှိဖြစ်နေတယ်လို့ ပလက်ဝမြို့ ခူမီးလူငယ်များအသင်းက ဥက္ကဌ ဦးစတီဗင် က ပြောပါတယ်။

"အခုလောလောဆယ်ကျတော့ ကျနော်တို့ နေရာချ ထားရေးကျတော့ ကျနော်တို့ တာဝန်မယူနိုင် ဘူးဖြစ်နေတယ်ခင်ဗျ၊ မနေ့က ကျနော်တို့ ရောက် သွားတဲ့အခါတာတော့ မနက်ဖြန်အတွက် ချက်စရာဆန်ကိုမရှိတော့တဲ့ မိသားစု ၅၇ လောက် ချက်စရာဆန်မရှိတော့ဘူးခင်ဗျ၊ ကျနော်တို့ မပို့လိုက်ဘူးဆိုရင် ချက်စရာဆန်ကိုမရှိတော့တာ၊ အခုလောလောဆယ် အခြေအနေကျတော့ ဘာမှတစ်ခုမှ ထမ်းမလာနိုင်တဲ့အတွက်ကြောင့် စားစရာဆန်လုံးဝ အကုန်ဖြစ်နေတယ်၊ နောက်သူတို့ဟာအထူးသဖြင့် အမိုးအကာ ဒီ့အတွက် အရမ်းလိုအပ်နေတယ်၊ တစ်စုံတစ်ရာအဖွဲ့အစည်းကမှ မကူညီရသေးဘူး"

ပလက်ဝမြို့နယ် ပြိုင်စိုကျေးရွာတဝိုက်မှာ ကျေးရွာပေါင်း ၄ဝ ဝန်းကျင်ရှိပေမယ့် ပြိုင်စိုရွာက ရွာသားတွေ ထွက်ပြေးကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။