စီမံကိန်းတွေကို ကတိအတိုင်း အကောင်အထည်ဖော်ဖို့ တရုတ်ဝန်ကြီးချုပ် ပြောဆို
2011.10.21
သမတ ဦးသိန်းစိန် (အလယ်) နှင့် ဒုတိယ သမတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး (ဝဲ)၊ ဒေါက်တာ စိုင်းမောက်ခမ်း (ယာ) တို့ ဧပြီ ၁ ရက်နေ့က အစိုးရအဖွဲ့သစ် တာဝန်များ အသီးသီး ယူပြီးနောက် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP / HO / MNA)
Photo: AFP / HO / MNA
တရုတ်ဝန်ကြီးချုပ်က ဦးတင်အောင်မြင့်ဦးကို ဘယ်မှာ ပြောဆိုတယ် ဆိုတာ အတိအကျမသိရပေမဲ့ ဒီကနေ့ မနက်ပိုင်းက လူ ၆၀၀ ကျော် တက်ရောက်တဲ့ ဘေဂျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံ တရုတ် စီးပွားရေးပူးပေါင်းမှု နှစ်၂၀ ပြည့် အခမ်းအနားမှာ အာဆီယံ နိုင်ငံအားလုံးကို ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က ပြောဆိုခဲ့တာလို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ လက သမ္မတသစ် ဦးသိန်းစိန်က တရုတ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်ဖို့ သဘောတူထားတဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၃၆၀၀ ကျော် ကုန်ကျမယ့် ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ဆိုင်းငံ့ဖို့ အမိန့် ထုတ်ခဲ့ပါတယ်။
တရုတ်ဝန်ကြီးချုပ်က ပြောဆိုရာမှာတော့ မြစ်ဆုံစီမံကိန်းကို တိုက်ရိုက်ရည်ညွန်းပြောဆို သွားခြင်းမရှိဘူးလို့ သတင်းစာမှာ ဖော်ပြထား ပါတယ်။
ဘေဂျင်းမြို့ကို ရောက်နေတဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးအေးလွင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန်။ |









