မြန်မာနိုင်ငံကို အလယ်ပိုင်းကနေဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ချိတ်ဆက်မယ့်လမ်း တစ်လမ်း ဖောက်လုပ်ဖို့ ဘဂ်လားဒေရှ်နိုင်ငံက အဆိုပြုတာကို တရုတ်နိုင်ငံက ထောက်ခံလိုက် ပါတယ်။
ဒါနဲ့ ဆက်စပ်ပြီး ဘင်္ဂလားဒေ့ရှ်-တရုတ်နဲ့ မြန်မာနိုင်ငံတို့ သုံးပွင့်ဆိုင် ဆွေးနွေးဖို့ကိုလည်း တရုတ်နိုင်ငံက သဘောတူညီတယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုတိယ-နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါတယ်။
စစ်တကောင်း-ကူမင်း လမ်းသစ်ဟာ မူလက အဆိုပြုထားတဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယနဲ့ မြန်မာ စီးပွားရေး စကြ င်္န်လမ်းနဲ့ သီးခြားဖြစ်ပြီး အဲ့ဒီလမ်းသစ် ဖောက်လုပ်ရေးကိစ္စကိုတော့ ဆွေးနွေးနေတုန်းပဲလို့ ဒက္ကားမြို့မှာ မနေ့က ကျင်းပတဲ့ တရုတ်နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးအဆင့်ဆွေးနွေးကျင်းပပြီးတဲ့နောက် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်တာပါ။
လာမယ့်နှစ်မှာ ကျရောက်မယ့် ဘင်္ဂလားဒေ့ရှ်-တရုတ် သံတမန်ဆက်ဆံရေး အနှစ် ၄ဝ ပြည့်မြောက်တဲ့ အထိမ်းအမှတ် အခမ်းအနားတွေမတိုင်ခင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို စနေနေ့က ရောက်ရှိနေပါတယ်။