ဒုက္ခသည်တွေကို ကူညီဖို့ ကချင်ရိုးရာကော်မတီအဖွဲ့ လိုင်ဇာမြို့ကို ရောက်

စစ်ပွဲကြောင့် ဒုက္ခရောက်နေကြတဲ့ ကချင်လူထုကို အကူအညီပေးရေး အတွက် တရုပ်ပြည်မှာ နေထိုင်တဲ့ ကချင်ရိုးရာ ကော်မတီအဖွဲ့ဝင်တွေ မနေ့က ညပိုင်းက KIO ဌာနချုပ် လိုင်ဇာမြို့ကို ရောက်ရှိတယ်လာလို့ သိရပါတယ်။

2011.06.19
kachin_refugee_laiza_305_z.jpg ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
Kachin News Group

အဖွဲ့ဝင် သုံးဦး ပါဝင်တဲ့ ကချင်ရိုးရာ အဖွဲ့ဝင်တွေဟာ တရုပ်ပြည်က မြို့သုံးမြို့ ကိုယ်စားပြု ကချင် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ KIO အရာရှိတဦးက ပြောပါတယ်။ ဒီအဖွဲ့အနေနဲ့ တရုပ်-မြန်မာနယ်စပ်ကို ရောက်ရှိလာတဲ့ ဒုက္ခသည်တွေနဲ့ လိုင်ဇာမြို့ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေးအတွက် KIO က ဖွဲ့စည်းထားတဲ့ ဒုက္ခသည် ကူညီရေးအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ ညှိနှိုင်း ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

လောလောဆယ် လိုင်ဇာမြို့ကို ရောက်ရှိလာတဲ့ ဒုက္ခသည် စုစုပေါင်း ၅ ထောင်ကျော် ရှိပြီး နယ်စပ် ဖြတ်ကျော်ပြီး တရုပ်ပြည်ဘက်ကို သွားရောက်သူ ဒုက္ခသည် သောင်းဂဏန်းထိ ရှိတယ်လို့ KIO အဖွဲ့က ခန့်မှန်ထားပါတယ်။

ဒီအတောအတွင်း အစိုးရသတင်းစာတွေက ငြိမ်းချမ်းရေးအတွက် တံခါး ဖွင့်ထားပါတယ်လို့ ရေးသားလိုက်ပါတယ်။ ဒါပေမယ့် KIO အနေနဲ့ကတော့ အစိုးရရဲ့ ရှေ့စကား နောက်စကား မညီညွတ်တာတွေကြောင့် မယုံကြည်ရဲဘူးလို့ ဆိုပါတယ်။

အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်းကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-06-23 04:34

bad karma ?