မြေယာလျော်ကြေးပေးရေး တရုတ်ကုမ္ပဏီ နဲ့ ကျောက်ဖြူဒေသခံတွေ ညှိနှိုင်း

2015-07-28
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ တရုတ်နိုင်ငံပိုင် CNPC (China National Petroleum Cooperation) ကုမ္ပဏီက သိမ်းဆည်းထားတဲ့ လယ်ယာမြေ ဧက ၁၀၀ ကျော်အတွက် လာမယ့် သြဂုတ်လအတွင်းမှာ လျော်ကြေးပေးမှာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံတွေနဲ့ ဒီနေ့ ညှိနှိုင်းကြပါတယ်။

မဒေးကျွန်းဒေသခံတွေက လျော်ကြေးငွေရရှိရေးအတွက် မနက်ဖြန် ဇူလိုင်လ ၂၉ ရက်နေ့မှာ ဆန္ဒပြတောင်း ဆိုဖို့ ပြင်ဆင်နေတာကို ကုမ္ပဏီတာဝန်ရှိသူတွေက ဒီနေ့လာရောက်ညှိနှိုင်းခဲ့တဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တယ်လို့ မဒေးကျွန်းဒေသခံ ဦးထွန်းကြည်က ပြောပါတယ်။

"အဲဒီ့မြေယာကိစ္စတွေကို ရဖို့အတွက် ဆန္ဒထုတ်ဖော်တာလေ၊ ကုမ္ပဏီက အကုန်လိုက်လျောပေးမယ် ဆန္ဒမထုတ်ဖော်ပါနဲ့ဆိုပြီး ဆွေးနွေးပါတယ်"

ကုမ္ပဏီက သိမ်းဆည်းထားတဲ့ မြေဧက ၁၀၀ ကျော်အတွက် တစ်ဧကကို ကျပ် ၁၀ သိန်း ဝန်းကျင်ပေးအပ်မှာဖြစ်ပြီး အဲဒီမြေယာဧက ၁၀၀ ကျော်ကို ဒေသခံတောင်သူ ၃၀ လောက် ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲမှာ တရုတ် CNPC ကုမ္ပဏီရဲ့ စီမံကိန်းတာဝန်ရှိသူတွေ၊ စွမ်းအင်ဝန်ကြီးဌာန MOGE တာဝန်ရှိသူတွေက ဒေသခံတွေကို တွေ့ဆုံညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။

CNPC ကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်လောက်ကစပြီး မဒေးကျွန်းပေါ်မှာ တရုတ်ရေနံပိုက်လိုင်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

မဒေးကျွန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးထွန်းကြည်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

မြန်မာတိုင်းရင်းသူ

နရေပျ- ပြည်ပတနေရာ

တရုတ်ကုမ္ပဏီက မြန်မာနိုင်ငံသား လယ်သမားတွေရဲ့ မြေတွေကို သိမ်းထားတယ် ဆိုတာ အကြီးအကျယ်မှားနေတဲ့ အဖြစ်ပဲ။ တကယ်ဆို လယ်မြေတွေကို လျောကြေးပေး ဆိုတာထက် လယ်မြေတွေကို ထိုက်သင့်ငွေ ပေး ဝယ်ဘို့ ကမ်းလှမ်းတာ ဖြစ်သင့်တယ်။ အစိုးရ မကောင်းပုံများ ... အဲသလို ...

Jul 29, 2015 03:26 PM

ပေါင်​ချိန်

မြေယာအားဥပဒေအရ နိုင်ငံခြားသားများပိုင်ခွင့်မရှိပါဖူး၊ ရင်း နှီးမြုတ်နှံခြင်လို့မြေငှားခြင်ရင် နိုင်ငံတော်၊ဝန်ကြီးဌာန၊မြေပိုင်ရှင်ဆီမှ တခုခုမှငှားနိုင်ပါတယ်၊ယခုကြည့်ရသည်မှာJVဖြစ်၍နိုင်ငံတော်မှငှားခြင်းဖြစ်နိုင်ပါသည်၊ယင်းအတွက်လျော်ကြေးပေးပီးအစိုးရမှတဆင့်ငှားပုံပါ၊နှစ်၅၀ပဲငှားခွင့်ရှိပီး၁၀နှစ်၂ခါတိုးခွင့်ရှိပါတယ်၊

Jul 29, 2015 08:46 PM

သက်​​အောင်

အဲလိုငွေပေးဝယ်ရင် တနိုင်ငံလုံးကမြေ နိုင်ငံခြားသားပိုင်သွားမှာပေါ့ ဒါကြောင့် ဥပဒေအရ မည့်သည့်နိုင်ငံခြားသားများအား မြေယာဝယ်ယူခွင့် ပိုင်ဆိုင်ခွင့်လုံးဝမပေးထာပါဖူး အလုပ်လုပ်ခြင်ရင်ငှားရမ်းခွင့်ပဲပေးထားတာပါ
ငှားခွင့်သည်လည်း နှစ်အကန့်သတ်ဖြင့်သာပေးပါတယ်
ဒါက လွတ်လပ်ရေးရထဲက ယခုချိန်ထိအစိုးရအဆက်ဆက်နိုင်ငံနှင့်နိုင်ငံသားအကျိုးအတွက်ကျင့်သုံးခဲ့တဲ့ဥပဒေပါ

Jul 29, 2015 08:52 PM

ဘာမထီ

မြန်မာတိုင်းရင်းသူက ဒေသခံပြည်သူတွေကောင်းစေခြင်တာထက် အစိုးရကိုတိုက်ခိုက်လိုစိတ်ကများနေတယ်။ဘယ်အစိုးရဖြစ်ဖြစ်တည်ဆဲဥပဒေအရ သာ အလုပ်လုပ်လို့ရပါတယ်၊မြေယာကိတ်စသည်လည်းအလားတူဖြစ်ပါတယ်။ဒါကြောင် မြန်မာ့မြေယာနဲ့ဆိုင်တဲ့ဥပဒေ၊နိုင်ငံခြားရင်းနှီးမြုတ်နှံမှုဥပဒေကိုလေ့လာပါ၊စာများများဖတ်ပါ၊ မည်သည့်နိုင်ငံပိုင်မြေမှနိုင်ငံခြားသားပိုင်ခွင့်မရှိပါ။

Jul 29, 2015 09:03 PM

အမှန်​မြင်​ပြည်​သူ

ဘယ်နိုင်ငံခြားသားအဖွဲ့စည်းမှ လယ်သမားပိုင်တဲ့မြေကိုသိမ်းလို့မရပါဖူး၊ ရင်နှီးမြုတ်နှံခြင်ရင် လယ်ပိုင် သို့ အစိုးရမှ မြေငှားပီးလယ်လုပ်နေတဲ့ လယ်သမား+ အစိုးရနဲ့ညှိရပါတယ်၊ဒါကြောင့်လယ်ပိုင်ရှင် သို့ အစိုးရထံမှလယ်ငှားလုပ်သူတွေသဘောမတူပဲလျော်ကြေးပေးလို့မရပါဖူး

Jul 29, 2015 09:20 PM

သက္​ထား

တရုပ်Companyက မြန်မာနိုင်ငံကမြေယာကိုသိးလို့မရပါဖူး
ဆောင်းပါရှင်က တိတိကျကျမဖော်ပြတော့ နားလည်မှုကောက်တာလွဲသွားတာပေါ့။ မြေကို ငှားလို့ပဲရပါတယ်။ ကြည့်ရတာ အစိုးရနဲ့ JV လုပ်ပီး အစိုးရကနိုင်ငံတော်စီမံကိန်အတွက် ဥပဒေအရမြေသိမ်းပီး ပေးရမယ့်လျော်ကြေးကိုရင်နှီးမြုတ်နှံသူ နိုင်ငံခြားအဖွဲ့ကိုပေးခိုင်းတာဖြစ်မှာပါ။ ဒါကြောင့်သတင်းသမားသည် တင်ပြသည့်သတင်းနှင့်ပတ်သက်သည့်အကြောင်းကို ဂဂဏဏသိရှိနားလည်ဖို့လိုပါတယ်

Jul 30, 2015 01:38 AM

ပေါင်​ချိန်

မြေယာလျော်ကြေးထက်ပိုအရေးကြီးတာက တာဝန်သိတဲ့ရင်းနှီးမြုတ်နှံမှုဖြစ်ဖို့ပါ ၊တနည်းအားဖြင့် တိုင်းပြည်ရဲ့တည်ဆဲဥပဒေမျာကိုလေးစားလိုက်နာခြင်း၊ပြည်သူများနှင့်ဒေသအားမထိခိုက်သည့် ဖွံြဖြိုးမှုလုပ်ငန်းဖြစ်ရန်လိုခြင်း၊ဒေသဖွံဖြိ ုးရေးဆိုင်ရာများကိုလုပ်ဆောင်ပေးခြင်း၊လူ့အခွင့်ရေးကိုလေးစားခြင်း စတဲ့CSR အစီအစဉ်များကိုလုပ်ဆောင်ရန်ဖြစ်ပါတယ်၊လျော်ကြေးသည်ခဏအတွင်းပျာက်ကွယ်သွားပီးယင်း ရေရှည်အကျိုးဖြစ်စေမည့်CSR +Development အစီစဉ်များအားSustain ဖြစ်ရန်လုပ်ဆောင်ရန်သည်ပိုအရေးကြီးပါတယ်

Jul 29, 2015 01:41 AM

ဆိုက်တခုလုံးသို့