ရခိုင်ပြည်နယ်အတွက် အိမ် ၁ဝဝ တရုတ် လှူဒါန်း


2018.01.06
china-donate-rakhine-houses-622 တရုတ်နိုင်ငံက ရခိုင်ပြည်နယ်မှာ အိမ်အလုံး ၁၀၀ လှူဒါန်းပွဲကို ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်စဉ်
Photo: MOI Webportal Myanmar

ရခိုင်ပြည်နယ်က နေရပ်ရွှေ့ပြောင်းရသူတွေအတွက် အသင့်ဆောက်လုပ်ပြီးသား အိမ်အလုံး ၁၀၀ လောက် ကို မြန်မာအာဏာပိုင်တွေကို တရုတ်နိုင်ငံက မနေ့က လွှဲပြောင်းပေးအပ်လိုက်ပါတယ်။

အိမ်တစ်လုံးမှာ လူ ရှစ်ယောက်နေနိုင်ပြီး အနည်းဆုံး အနှစ် ၂၀ ခံတဲ့အပြင် ပြင်းအား ၈ ရှိတဲ့ ငလျင်ဒဏ်ကို ခံနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း ပဋိပက္ခကြောင့် နေရပ်ရွှေ့ပြောင်းရသူတွေကို ဆက်လက်ကူညီထောက်ပံ့မယ်လို့ အိမ်တွေ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang က ပြောကြားပါတယ်။

ဒါတင်မက ဒေသစီးပွားရေး မြှင့်တင်ဖို့ ကျောက်ဖြူအထူးစီးပွားရေးဇုံ ဖွံံ့ဖြိုးရေးအတွက် ကူညီဖို့လည်း တရုတ်နိုင်ငံက ဆန္ဒရှိတဲ့အကြောင်းလည်း တဆက်တည်းပြောပါတယ်။

အခုလို မြန်မာနိုင်ငံကို အကူအညီပေးတဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်က ကျေးဇူးတင် စကား ပြောကြားပါတယ်။

တရုတ်နိုင်ငံဟာ ရေဘေးဒုက္ခသည်တွေအတွက် ၂၀၁၆ ဖေဖော်ဝါရီလတုန်းကလည်း ဒီလို အိမ်မျိုး ၁၃၂ လုံး လှူဒါန်းခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။