တရုတ်သံရုံးရှေ့ ဆန္ဒပြသူတွေ ဖမ်းဆီးခံရ


2014.12.30
lpt-china-embassy-protest-305.jpg လက်ပံတောင်းတောင်စီမံကိန်း ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့၊ တရုတ်သံရုံးနားမှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြကြစဉ်။
Photo:Kyaw Htoon Naing, Tun Myint/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းပေးဖို့ အတွက် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ကနေ တရုတ် သံရုံးနားအထိ လမ်းလျှောက်ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နော်အုန်းလှ၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင် နဲ့ ဒေါ်စိန်ထွေးတို့ကို ဒဂုံမြို့နယ်ရဲစခန်းက ဒီနေ့ ဖမ်း ဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ပုဒ်မ ၆ ခုနဲ့ တရားစွဲလိုက်ပါတယ်။

ဒဂုံမြို့နယ် ဒုတိယရဲမှူး ဦးသောင်းစိန်က တရားလိုလုပ် တရားစွဲပြီး အင်းစိန်ထောင်ကို ပို့လိုက်တယ်လို့ တရား ရုံးကို သွားရောက်ခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်က ကိုမင်း မင်းက ပြောပါတယ်။

"မစိန်ထွေးရယ်၊ အန်တီနော်အုန်းလှရယ်၊ ကိုနေ မျိုးဇင်ရယ် ၃ ဦးကို လက်ပံတောင်းတောင် အကြမ်းဖက်တဲ့ကိစ္စကို မနေ့က တရုတ်သံရုံးမှာ ဆန္ဒပြတာ ဆိုပြီးတော့ ဒီနေ့ ဒဂုံစခန်းကတရားလို လုပ်ပြီးတော့ အမှုဖွင့်ပြီးတော့ဆွဲတာပေါ့၊ ဆွဲပြီးတော့ အာမခံမပေးဘူးဗျ၊ မပေးဘဲနဲ့ ၂ နာရီ ၁၅ မိနစ်မှာ အင်းစိန်ကို တခါထဲပို့လိုက်တယ်၊ ရမန်ကြီး ၂ ပတ်ယူလိုက်တယ်"

ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နော်အုန်းလှနဲ့ ဒေါ်စိန်ထွေးတို့ဦးဆောင်တဲ့ လူ ၁ဝဝ ကျော်လောက်က မြို့တော် ခန်းမရှေ့ကနေ ပြည်ထောင်စုရိပ်သာလမ်းမှာရှိတဲ့ တရုတ်သံရုံးရှေ့ကို မနေ့က လမ်းလျှောက် ဆန္ဒပြခဲ့ရာ တရုတ်သံရုံးရှေ့မှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

မနေ့ညက ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ Generation Youth အဖွဲ့က ကိုတင်ထွဋ်ပိုင်ကိုလည်း ဒီနေ့ ညနေမှာ ထပ်မံ ဖမ်းဆီးလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။