မြန်မာနယ်စပ်မှာ တရုတ်တပ်မတော် စစ်ရေးလေ့ကျင့်

2015-03-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က ညတိုက်ပွဲသဏ္ဍာန် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အင်္ဂါနေ့ညက ပြုလုပ်ခဲ့တယ်လို့ South China Morning Post သတင်းစာကဖော်ပြလိုက်ပါတယ်။

ကိုးကန့်နဲ့ မြန်မာစစ်တပ်တွေ တိုက်ပွဲဖြစ်နေစဉ်အတွင်း မကြာခင်ရက်ပိုင်းက မြန်မာတိုက်လေယဉ်ပျံတစ်စင်းက ကြဲချလိုက်တဲ့ ဗုံးကျည်တစ်လုံးကြောင့် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီးနောက်  တရုတ်နိုင်ငံက အခုစစ်ရေးလေ့ ကျင့်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ မြန်မာအစိုးရကိုရော၊ တရုတ်အစိုးရကို တာဝန်မဲ့တယ်လို့ ဝေဖန်နေတဲ့ ယူနန်ပြည်နယ်ဒေ သခံတွေကိုပါ လက်တွေ့ပြလိုက်တဲ့ လုပ်ရပ်တစ်ခုလို့ တရုတ်နိုင်ငံတကာ လေ့လာရေးတက္ကသိုလ်ရဲ့ အာရှ-ပစိဖိတ် လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးဌါန ညွှန်ကြားရေးမှူးက သုံးသပ်ပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်ကို ကပ်ပြီးပျံလာတဲ့ မြန်မာတိုက်လေယဉ်တွေကို တရုတ်တိုက် လေယာဉ်တွေက နောက် ကနေလိုက်လံ စောင့်ကြည့်ပြီး မောင်းနှင်ထုတ်တာတွေ ရှိခဲ့တယ်လို့လည်း တရုတ်သတင်းစာမှာ ဖော်ပြထား ပါတယ်။

ကွန်မင့်များ (1)
Share

အမည်မဖော်လိုသူ

မြန်မာတပ်က လှံစွပ်တက်ထိုးတဲ့အခါ “ကျား”လို့ အော်တယ်။
တရုပ်က “စား”(= kill)လို့ အော်တယ်။
ကျားက စားမလား။
ကျားကို စားမလား။

Mar 26, 2015 03:26 PM

စစ္ ပရိယာယ္ကုိ

နေရပ်- သိ သလိုလိုနဲ႔

“သေမယ့်ကျား တောပြောင်း” ( နယ်သစ်ဖြစ်တော့
တောမကျွမ်းလို့ ခံလိုက်ရတာ)
“အစားမတော် တလုတ်” ( တရုတ်ကို “တလုတ်“လို့လည်း
ခေါ်ကြတော့ ဒီတချီမှာ ပေါက်ဖေါ်ခံရမယ့်ပုံပဲ)

Mar 27, 2015 03:07 PM

ဆိုက်တခုလုံးသို့