တရုတ်စစ်ရေးလေ့ကျင့်မှု တိတိကျကျ ပစ်ခတ်နိုင်ကြောင်း ကြေညာ


2015.06.04
china-live-fire-620.jpg မြန်မာနယ်စပ် တရုတ် ယူနယ်ပြည်နယ်မှာ စစ်ရေးလေ့ကျင့်နေတဲ့ တရုတ်စစ်တပ်ကို ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်
Photo: PLA Daily shows

မြန်မာနိုင်ငံနယ်စပ်မှာ လက်နက်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်နေတဲ့ PLA တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ဟာ ပထမရက်မှာတင် လေတပ်အသုံးပြု တိုက်ခိုက်တာတွေကို လေ့ကျင့်ခဲ့ပြီး ဝေဟင်ကနေ မြေပြင်က ပစ်မှတ်တစ်ခုကို ၈ စက္ကန့်အတွင်း တိတိကျကျ ပစ်ခတ်နိုင်ခဲ့ကြောင်း တရုတ်အစိုးရက ဒီကနေ့ ကြေညာပါတယ်။

မြန်မာနယ်ခြားဒေသဟာ တောင်ထူထပ်တဲ့ဒေသဖြစ်လို့ ခြေလျင်နဲ့ ကြည်းတပ် ယန္တရားတွေရောက်ဖို့ ခက်ခဲတဲ့အတွက် လေကြောင်းကနေ ပစ်ခတ်နိုင်စွမ်းဟာ အထူးအရေးကြီးတယ်လို့လည်း တရုတ် အစိုးရပြည်သူ့နေ့စဉ် သတင်းစာကရေးပါတယ်။

တရုတ်တပ်မတော်ရဲ့ ဒီလေ့ကျင့်မှုမှာ လေတပ်၊ အမြောက်တပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေလျင်တပ်၊ ဒုံးပျံတပ်နဲ့ ရေဒါတပ်ခွဲတွေ ပါဝင်ပြီး ဒေသခံတရုတ်ကွန်မြူနစ်ပါတီ၊ ယူနန်အစိုးရနဲ့ ပြည်သူအရံအင်အားတွေလည်း ပါတယ်လို့ ဆိုပါတယ်။

တရုတ်မြန်မာနယ်စပ် ကိုးကန့်ဒေသ တိုက်ပွဲတွေအတွင်း တရုတ်နိုင်ငံဘက်ခြမ်းမှာ မြန်မာဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တရုတ်နိုင်ငံသား ၅ ဦးသေဆုံးခဲ့ပြီးနောက် PLA တရုတ်စစ်တပ်က မြန်မာနယ်စပ်အနီးမှာ လာရောက်ပြီး အခုလို စစ်ရေးလေ့ကျင့်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။