မြန်မာစစ်ပြေး ဒုက္ခသည်တွေ နေရပ်ပြန်ကြဖို့ တရုတ်ဖိအားပေး


2015.03.05
laukaing-refugees-305.jpg လောက်ကိုင်ဒေသ စစ်ပွဲတွေကြောင့် နေရပ်ပြန်လာသည့် သူများကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က မန္တလေးမြို့ မှာ တွေ့ရစဉ်
Photo: Nay Thwae/RFA

ကိုးကန့်ဒေသစစ်ပွဲတွေကြောင့်  တရုတ်ပြည်ဘက်ခြမ်း မှာ သွားရောက်ခိုလှုံနေထိုင်သူ ဒုက္ခသည်တွေ ကို နေရပ်ပြန်ကြဖို့ တရုတ်အာဏာပိုင်တွေက ဖိအားပေးတယ်လို့ လောက်ကိုင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်က RFAကို ပြောပါတယ်။

တရုတ်ပြည် နမ်ဆန်မြို့ရှိ ဒုက္ခသည်စခန်းမှာ နေထိုင် သူတွေနဲ့ နယ်စပ်တလျှောက်က တရုတ်ပြည်ဘက်ခြမ်း မှာ ယာယီတဲထိုးနေထိုင်သူတွေကို တရုတ်အာဏာ ပိုင်တွေက အခုလို ဖိအားပေးနေတာလို့ လောက်ကိုင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင် က ပြောပါတယ်။

"အတင်းမောင်းထုတ်နေတာ၊ အတင်းမောင်း ထုတ်နေတော့ တချို့တွေက ပြန်လာကြတယ်၊ တချို့တွေကတော့ မပြန်ရဲဘူး၊ နယ်စပ်မျဉ်းမှာ ပဲ ပြန်နေကြတာပေါ့၊ မနေ့ကစပြီးတော့မှ သူတို့က ဒီလိုထားလို့ရှိရင် နိုင်ငံရေးအနေနဲ့ ထိခိုက်နိုင်တယ် လို့ ပြောပြီးတော့မှ မောင်းထုတ်တာ၊ လောလော ဆယ်က အကြောက်တရားနဲ့ပေါ့ဗျာ၊ မြန်မြန်တည်ငြိမ်အေးချမ်းမှသာလျှင် စစ်ရှောင်ဒုက္ခသည်တွေကို ကျနော်တို့က နေရာပြန်ချပေးလို့ရမယ်"

တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားပေမဲ့ ညှိနှိုင်းလို့မရဘူလို့ ဆိုပါတယ်။ တရုတ်ပြည်ဘက်ခြမ်းကို ရောက် ရှိနေထိုင်သူ ဒုက္ခသည်အရေအတွက် အတိအကျကို မသိရပေမဲ့ တရုတ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ တစ်သိန်းခန့်ရှိတယ်လို့ သိရပါတယ်။

လောက်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။