ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင် ရွေးချယ်ခံရသူ အမည်စာရင်း ထုတ်ပြန်

အမေရိကန်နိုင်ငံ အခြေစိုက် "အပြည်ပြည်ဆိုင်ရာ မြန်မာမိသားစုများရဲ့ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်တဲ့အဖွဲ့" က ဒီနှစ်အတွက် ဆန်ခါတင် ရွေးချယ်ခံရသူ ငါးဦး အမည်စာရင်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

2012.04.23

လတ်တလော ဆန်ကာတင် ရွေးချယ်ခံရသူတွေက အလုပ်သမားအရေး လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူ ခေါ် ဦးရန်နိုင်အောင်၊ ဘေးအန္တရာယ်တွေအကြား သတင်းလိုက်ခဲ့သူ Kachin Land သတင်းဌာန သတင်းထောက်ချုပ် လဖိုင်နော်မိန်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှုအထောက်အကူပြုအဖွဲ့၊ သုခရိပ်မြုံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနဲ့ နာရေးကူညီမှုအသင်း (ရန်ကုန် ) က စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ ဖြစ်ပါတယ်။

အဲဒီငါးဦးထဲက နောက်ဆုံး ဆုရရှိသူ တစ်ဦးကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ရွေးချယ်မှုကိုတော့ လာမယ့် မေလ ၁၁ ရက်ကနေ ၂၅ ရက်နေ့အထိ ပြည်သူ့ဂုဏ်ရည် အင်တာနက် စာမျက်နှာမှာ အများပြည်သူရဲ့ ဆန္ဒမဲနဲ့ ဆုံးဖြတ်သွားမယ်လို့ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်နေတာဟာ အခု တတိယအကြိမ် ဖြစ်ပါတယ်။ မနှစ်က အကျဉ်းကျ သံဃာတော်တွေကို ကူညီခဲ့တဲ့ ဒေါ်ရှုက ဆုရရှိခဲ့ပြီး ပထမဆုံးအကြိမ်က နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့ပါတယ်။ ဒီနှစ် ဆုပေးပွဲကို လာမယ့် မေလ ၂၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီပွဲကို ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့လည်း တက်ရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-23 17:02

ကျွန်တော်ကတော့ ဦးဖိုးဖြူကိုပေးစေလိုပါတယ်ဗျာ ဘာဖြစ်လို့လဲဆိုတော့ ဦးဖိုးဖြူခဗျာမှာ အိပ်စိုက်ပြီးလိုက်လံကူညီပေး နေရတဲ့အပြင် မျိုချစ်စိတ်လဲရှိတဲ့သူ ဖြစ်ပါတယ် တိုင်းရင်းသားတွေအပေါ်မှာလဲ အမှန်တကယ်ချစ်မြတ်နိုးသူဖြစ်ပါတယ်။

Anonymous
2012-04-24 01:28

yes, Ko Pho Phyu is a right man for present time .