ဥပဒေပုဒ်မ ၁၈ ပယ်ဖျက်ပေးဖို့ လူမှုအဖွဲ့များ ပြောဆို


2013.11.06

လယ်သမားအရေး ၊ အလုပ်သမားအရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို တရားစွဲဆိုလေ့ရှိတဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ကို ပြင်ဆင်ပေးဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမယ်လို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဒီနေ့ ပြောကြားလိုက်ကြပါတယ်။

ရန်ကုန်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၀ လောက်စုပေါင်းပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပါ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။

ပုဒ်မ ၁၈ ကို မဖျက်သိမ်းပေးရင်တောင် ပြင်ဆင်ပေးဖို့အတွက် အစိုးရနဲ့လွှတ်တော်ကို တင်ပြတောင်းဆိုသွားမယ်လို့ မျိုးဆက်သစ်လူငယ်များ GW အဖွဲ့ဝင် ကိုမိုဃ်းသွေးက ပြောပါတယ်။

ပုဒ်မ ၁၈ နဲ့ အရေးယူခံထားရသူ လယ်သမားအရေး၊ အလုပ်သမားအရေး၊ လူ့အခွင့်အရေးလှုပ်ရှားသူ ရာနဲ့ချီရှိနေပြီး တချို့ဆိုရင် ထောင်ဒဏ်ကျခံနေရသူတွေလည်း ရှိနေပါတယ်။ ဒီနေ့ဆွေးနွေးပွဲကို Generation Youth၊ Generation Wave၊  ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအမျိုးသမီးကွန်ရက်၊ လယ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

RFA သတင်းထောက် မရတနာဦးရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။