ဒီကေဘီအေနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွား
2010.11.29
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) နှင့် မြန်မာ စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခြင်းကြောင့် မြန်မာဖက်ကမ်း မြဝတီမြို့မှ ထိုင်းဖက်ကမ်း မဲဆောက်မြို့သို့ အစုလိုက် အပြုံလိုက် ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များကို နိုဝင်ဘာ ၈ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Partners Relief & Development)
စစ်အစိုးရ စကခ ၁၂ နဲ့ စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ခမရ-၅၄၉ ၊ စတဲ့ တပ်ရင်း ၄ ရင်းက အင်အား ၄၀၀ နီးပါးလောက်နဲ့ ဒီကေဘီအေ တပ်တွေနဲ့ နိုဝင်ဘာ ၂၉ ရက် ဒီနေ့ ညနေပိုင်းအထိ ဖလူးဒေသမှာ ဆက်လက် တိုက်ပွဲဖြစ်နေတာလို့ ဒီကေဘီအေ တပ်မှူး ဗိုလ်မှူးစောကျော်သက်က ပြောပါတယ်။
ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေကတည်းက မြဝတီမြို့ရဲ့ တောင်ဘက် ၆ မိုင်အကွာခန့်မှာ ရှိတဲ့ ဖလူးလေး၊ ဖလူးကြီးကျေးရွာ အနီးမှာ ဒီကေဘီအေ တပ်မဟာ ၅ နဲ့ စစ်အစိုးရတပ်တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း ဒီကေဘီအေဖက်က တယောက်ဒဏ်ရာရပြီး စစ်အစိုးရတပ်ဖွဲ့ဖက်က ၂၀ နီးပါး ဒဏ်ရာရ သွားခဲ့တယ်လို့ ဒီကေဘီအေအဖွဲ့က RFA ကို ပြောပါတယ်။
သုံးရက်အတွင်း နှစ်ဖက် တိုက်ပွဲတွေကြောင့် ဖလူးလေး၊ ဖလူးကြီးနဲ့ မင်းလက်ပံစတဲ့ ကျေးရွာတွေက ရွာသူရွာသား တထောင်နီးပါးလောက်ဟာ သောင်းရင်းမြစ်ကိုဖြတ်ပြီး ထိုင်းဖက်ခြမ်းကို ထွက်ပြေးလာတဲ့ အတွက် ထိုင်းအာဏာပိုင်တွေက မဲ့ကုတ်ကင်းရွာက ဝှေ့မဟာဟုန် ဘုန်းကြီးကျောင်းမှာ ယာယီဒုက္ခသည် စခန်းဖွင့်ပြီး ကူညီပေးထားခဲ့ပါတယ်။
စစ်အစိုးရဟာ ဗိုလ်မှူးချုပ် စောလားပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်တဲ့ ဒီကေဘီအေ တပ်တွေကို့ လုံးဝ လက်နက်ချဖို့ကိုသာ ဖိအားပေးနေတယ်လို့ RFA ကို ပြောပါတယ်။
လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး DKBA ဗိုလ်မှူးချုပ် စောလားပွယ်ကို RFA မှ ဦးဝင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
| ဆက်သွယ်မေးမြန်းချက်။ |
|
| အသံဖိုင်ယူရန် |









