ဘားအံ မြို့မအားကစားကွင်း ပြန်လည် ရရှိရေး ကော်မတီဖွဲ့စည်း


2013.08.16
hpa-an-football-field-305.jpg ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဟိုတယ်ဆောက်လုပ်မည့် ဘားအံမြို့ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းထိပ်တွင် ရှိတဲ့ ပြည်သူပိုင်ဘောလုံးကွင်းကို တွေ့ရစဉ်
photo: ကရင်ပြည်နယ် ဘားအံမြို့တော် ဖေ့ဘုတ်

ကရင်ပြည်နယ် ဘားအံမြို့ ကမ်းနားလမ်းက အကျယ် ၃ ဧကကျော်ရှိတဲ့ မြို့မအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီ တစ်ခုက ဟိုတယ်ဆောက်လုပ်ဖို့စီစဉ်နေတာ ရပ်ဆိုင်းပေးဖို့အတွက် "သမိုင်းင် ဘားအံမြို့မဘောလုံးကွင်း ပြန်လည်ရရှိရေးကော်မတီ" ကို ဒီနေ့ ဘားအံမြို့၊ သရက်တောကျောင်းတိုက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ကော်မတီက ဆောင်ရွက်သွားမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး သရက်တောကျောင်းတိုက် ဆရာတော် ဘဒ္ဒန ္တကေသရိန္ဒက RFAကို အခုလို မိန့်ကြားပါတယ်။

"လူထုတွေ၊ ဆရာတော်၊ သံဃာတော်တွေကရော ဒီကွင်းကို ဟိုတယ်ဆောက်တာ မလိုချင်ဘူး၊ မြို့မဘောလုံးကွင်းကို နဂိုအတိုင်းပဲ ပြည်သူရဲ့ လက်ထဲမှာ ပြန်ပြီးတော့ရှိစေချင်တယ် ၊ ကော်မတီအဖွဲ့ကတော့ အခုလက်ရှိမြို့မ အားကစားကွင်းကို ပြည်သူ့လက်ထဲ ကို ပြန်ရောက်အောင် စာတင်မှာပေါ့၊ အဓိကကတော့ ပြည်နယ်ဝန်ကြီးချုပ်ဆီကို အကြောင်းကြားစာတင်မှာပေါ့၊ မဆောင်ရွက်ပေးရင်တော့ သမ္မတဆီကို စာတင်ရမှာပေါ့”

အဲဒီကော်မတီမှာ ကရင်ပြည်နယ် သံဃာ့နာယက ဥက္ကဌ မြိုင်သဇင်ကျောင်းဆရာတော်၊ အမျိုးဘာသာ ထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဌ ဇွဲကပင်တောင်ဆရာတော်၊ ဘားအံြမို့ ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေနဲ့ ရပ်မိရပ်ဖ ၃၂ ဦး ပါင်ပါတယ်။

မြို့မအားကစားကွင်းမှာ ဟိုတယ်ဆောက်လုပ်တာ ကန့်ကွက်ကြောင်း ဘားအံဒေသခံတွေက မနေ့က စုပေါင်းလက်မှတ်ရေးထိုးခဲ့ကြြပီး အဲဒီလက်မှတ်တွေကို ကော်မတီကနေတဆင့် လာမယ့်အပတ်မှာ ပြည်နယ်န်ြကီးချုပ်ထံ တင်ပြသွားဖို့ရှိတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

ဘားအံြမို့ မြို့မအားကစားကွင်းဟာ ၁၉၄၇ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကရင်ပြည်နယ်စည်းရုံးရေး ခရီးစဉ်အတွင်း မိန့်ခွန်းပြောခဲ့ဖူးတဲ့နေရာဖြစ်သလို ဘားအံမြို့ စတည်ကတည်းကရှိခဲ့တဲ့ အားကစားကွင်းလည်းြဖစ်တယ်လို့မို့ခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။