အခြေခံဥပဒေပြင်ပေးဖို့ အိမ်မဲဒေသခံတွေ ဆန္ဒပြတောင်းဆို


2014.05.09
constitution-kachin-305 ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဧပြီလ ၂ဂ ရက်နေ့က ဖွဲ့စည်းပုံပြင်ဆင်ပေးရေး ဒေသခံတွေ ဆန္ဒထုတ်ဖော်နေ ကြစဉ်
photo: Kyaw Kyaw Oo (Myitkyina-NLD)

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေးအတွက် ရာနဲ့ချီတဲ့ဒေသခံတွေ အိမ်မဲမြို့မှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ အိမ်မဲမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ကိုထွန်းထွန်း က ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့တောင်းဆိုတာဖြစ်ကြောင်း အခုလို ပြောပါတယ်။

"ပုဒ်မ ၄၃၆ ဆိုတာ တပ်မတော်ကနေပြီးတော့ ၂၅ ရာခိုင်နှှုန်းပါနေတော့ လွှတ်တော်ကိုယ်စားလှယ်တွေ ၇၅ ရာခိုင်နှှုန်းကျော်မှ အခြေခံဥပဒေ ပြင်လို့ရမယ်ဆို လို့ရှိရင် ဘယ်လိုနဲ့မှ ပြင်လို့မရပါဘူး ၊ ဒါကြောင့်မို့လို့ ဒီပုဒ်မ ၄၃၆ ဖျက်သိမ်းရေးကို ကျနော်တို့တောင်း ဆိုနေတာပါ၊ ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းဟာ သမ္မတဖြစ်ခွင့်ရှိပါတယ်၊ ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးတော့ ပုဒ်မ ၅၉(စ)နဲ့ (ဃ)တို့ကို မတရားရေးဆွဲ ထားတာဖြစ်တယ်၊ ဒါကြောင့်မို့လို့ ဖျက်သိမ်းရေးကို တောင်းဆိုရခြင်းဖြစ်တယ်"

ဒီနေ့ ဆန္ဒပြပွဲကို အိမ်မဲမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အိမ်မဲမြို့နယ်တဝိုက်က ကျေးရွာအုပ်စု ၇၉ စုနဲ့ မြို့ပေါ် ၅ ရပ်ကွက်က ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။