ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး မြစ်ကြီးနားမှာ ဆန္ဒပြ


2019.08.16
constitution-59f-kachin-622.jpg ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး မြစ်ကြီးနားမှာ ၂ဝ၁၉ သြဂုတ် ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: Elizabeth/ RFA

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅၉ (စ) မပြင်ဆင်ရေးနဲ့ ပုဒ်မ ၂၁၆ ပြင်ဆင်ရေးတို့ကို ထောက်ခံတဲ့အနေနဲ့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို သီတာရပ်ကွက် ကားကြီးကွင်းဟောင်းကနေကနေ မြစ်ကြီးနားမြို့ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့တာပါ။

ဆန္ဒဖော်ထုတ်ပွဲမှာ ပုဒ်မ ၂၁၆ ကို ဥပဒေနဲ့အညီ အမြန်ဆုံးပြင်ဆင်ရေးနဲ့ အမျိုးသားလုံခြုံရေးအတွက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ရေးတို့ကို အဓိက ပြုလုပ်ရတာဖြစ်တယ်လို့ ဆန္ဒဖော်ထုတ်ပွဲဦးဆောင်သူ ဦးငွါတားက ပြောပါတယ်။

ဒီကနေ့ ဆန္ဒဖော်ထုတ်ပွဲကို မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ပန်ဝါ အစရှိတဲ့ မြို့နယ်တွေက ပြည်သူလူထု ငါးရာခန့်က ပါဝင်ခဲ့ကြပါတယ်။

မနေ့က သြဂုတ်လ ၁၅ ရက်နေ့ကလည်း မြစ်ကြီးနား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ကျင်းပခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးကို ထောက်ခဲ့တဲ့ လမ်းလျှောက်ဆန္ဒပြပွဲကို ဒီကနေ့ မြစ်ကြီးနားမြို့မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။

(RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။