သယံဇာတ ခွဲဝေရေး အခြေခံဥပဒေ ပြင်ဖို့လို

သက်ဆိုင်ရာပြည်နယ်က ထွက်ရှိတဲ့ သယံဇာတ အရင်းအမြစ်တွေကို အဲဒီပြည်နယ်တွေ ဖွံ့ဖြိုးရေးအတွက် ရာခိုင်နှုန်း ပမာဏ တခုထားရှိပြီး သုံးစွဲနိုင်ဖို့ အတွက် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း က ပြောကြားလိုက်ပါတယ်။

2012.10.02
နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း (ဝဲ)ကို အာရ်အက်ဖ်အေ လွတ်လပ်သည့်အာရှအသံ ဝါရှင်တန်ရုံးချုပ်၏ တွေ့ဆုံမေးမြန်းခန်းတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
RFA

တဆက်တည်းမှာပဲ မြန်မာနိုင်ငံ တိုင်းရင်းသားတွေ အနေနဲ့ ပြည်နယ်အလိုက် သူတို့ နှစ်သက်ရာ ကိုယ်စားလှယ်တွေကို သူတို့ စိတ်ကြိုက် ရွေးချယ်ခန့်အပ်ဖို့ လိုလားကြောင်းလည်း  ဝန်ကြီး ဦးစိုးသိန်းက RFA ရုံးချုပ်ကို တနင်္လာနေ့က လာရောက် လည်ပတ်စဉ် ပြောဆိုခဲ့ပါတယ်။

"သူတို့ဒေသတွေကို သူတို့ အုပ်ချုပ်နိုင်တဲ့ အဆင့်ရောက်အောင် ကျွန်တော်တို့ ပြောင်းပေးမှာပါ။ ရှမ်းပြည်ဆိုရင် ရှမ်းပြည်ကလူတွေ ရွေးချယ်ခန့်အပ်ပြီး ရှမ်းပြည်ကို ထူထောင်ကြ၊ ကရင်ပြည်တယ် ထူထောင်ကြ။ နောက်တချက်က သူတို့ ဒေသတွေမှာထွက်တဲ့ သယံဇာတတွေပေါ်မှာ revenue sharing ပေါ့။ ဒါတွေလည်း လုပ်သွားဖို့ ကျွန်တော်တို့ အိုင်ဒီယာတွေ ရှိပါတယ်။ တချို့က လွှတ်တော်က ပြင်ရမှာတွေ ရှိပါတယ်။ ဥပမာဆိုရင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ နောက်ဆက်တွဲ ဇယားထဲက revenue sharing တွေကို သူတို့နဲနဲပေးဖို့။ ဒါမှသာလျှင် သူတို့  ပိုမိုဖွံ့ဖြိုးလာမှာပေါ့။"

ဒါ့အပြင် ဝန်ကြီးဦးစိုးသိန်းက လာမယ့် ၁ဝ နှစ်ကာလမှာ မြန်မာနိုင်ငံဟာ လာအိုနဲ့ ကမ်ဘောဒီးယားနိုင်ငံတွေရဲ့ စီးပွားရေး အဆင့်ကို ကျော်လွန်ပြီး ဗီယက်နမ်နိုင်ငံ အဆင့်ကို မှီအောင် ဆောင်ရွက်နိုင်မယ်လို့ မိမိအနေနဲ့ မျှော်မှန်းထားကြောင်းလည်း ပြောသွားပါတယ်။

ဝန်ကြီး ဦးစိုးသိန်းကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးခင်မောင်စိုး တွေ့ဆုံ မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။