ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် လူထုသဘောထားခံယူပွဲ ပုသိမ်မှာကျင်းပ

2013-10-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို တွေ့ရစဉ်
အစိုးရရဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို တွေ့ရစဉ်
AFP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီက  ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးပွဲနဲ့ ၂၀၀၈  ဖွဲ့စည်းအုပ်ချုပ်ပုံ ကို ပြင်ဆင်သင့်သလား အသစ်ပြန်လည်ရေးဆွဲသင့် သလားဆိုတဲ့အပေါ် လူထုသဘောထားခံယူပွဲကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊   ဆရာဝန်များအသင်း ခန်းမဆောင်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း ၊ တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုးနဲ့ ဧရာဝတီတိုင်း ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ဦးဝေလှိုင်ထွန်းတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ရှင်းလင်းဆွေးနွေးခဲ့ ပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက "လက်ရှိ ၂ဝဝ၈ အခြေခံဥပဒေဟာ ဒီမိုကရက်တစ်ပုံစံမဖြစ်ဘူး၊ ဒီမိုကရေစီကိုဖော်ဆောင်နိုင်ဖို့ ဒီဟာအရမဖြစ်နိုင်ဘူး၊ ဒါကိုပြင်ဆင်ဖို့လိုတယ်၊ တချို့ကတော့ ဒါကိုပြင်ဆင်ဖို့တောင် မလိုတော့ဘူး၊ အစအဆုံးပြန်ရေးမှဖြစ်မယ်၊ အဲဒီဟာတွေကို ကျနော်တို့ကရှင်းပြတယ်။"

ဆွေးနွေးပွဲမှာ အမျိုးသားရင်ကြားစေ့ရေးကိုအခြေခံပြီး အခြေခံဥပဒေကို လက်တွေ့ကျကျ ပြောင်းလဲရေးကို စဉ်းစားဖို့ ဦးဥာဏ်ဝင်းက ပြောကြားခဲ့ပြီး၊  တရားရုံးချုပ်ရှေ့နေ ဦးကျော်ဟိုးက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးကဏ္ဍအခြေအနေဟာ အရင်ကအတိုင်းပဲရှိနေပြီး၊ လိုအပ်တဲ့အပြောင်းအလဲတွေ ပေါ်ပေါက်မလာသေး တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လိုကြောင်း ဆွေးနွေးခဲ့သလို၊ ဦးဝေလှိုင်ထွန်းကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ  ပြင်ဆင်ရမယ့်အချက်တွေကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို NLD အဖွဲ့ဝင်တွေအပါအဝင် ပရိသတ် စုစုပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး သိလိုတဲ့အချက်တွေကို ဆွေးနွေးမေးမြန်းပြီးတဲ့နောက် အားလုံးက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို သဘောထားပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့