ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်နိုင်ချေနည်း
2019.08.09
ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ပေမယ့် တပ်မတော်နဲ့သဘောတူညီမှု မရတဲ့အတွက် NLD အစိုးရလက်ရှိလျှောက်နေတဲ့လမ်းဟာ ခရီးဆုံးမရောက်နိုင်ဘူးလို့ နိုင်ငံရေး အင်အားစုတွေက သုံးသပ်နေကြပါတယ်။
ဒါကြောင့် NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေ၊ ပြင်ပနိုင်ငံရေးအင်အားစုတွေ၊ အရပ်ဖက်အဖွဲ့တွေနဲ့ လက်တွဲဖို့ အကြံပြုကြသလို၊ တိုင်းပြည်အတွက် ဆုံးဖြတ်ချက်ချနိုင်မယ့် တပ်မတော်၊ NLD နဲ့ လက်နက်ကိုင်တိုင်းရင်းသား အင်အားစုတွေရော၊ တိုင်းရင်းသားပါတီတွေနဲ့ပါ နိုင်ငံရေးဆွေးနွေးပြီး ရလာမယ့် သဘောတူညီချက်တွေကသာ အခြေခံဥပဒေပြင်ဆင်ရေးအောင်မြင်နိုင်မယ်လို့ သုံးသပ်နေကြပါတယ်။
RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။









