ရန်ကုန် ဆောက်လုပ်ရေး အလုပ်သမား နှစ်ထောင်နီးပါး လုပ်ခတိုးရေး ဆန္ဒပြ

တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား နှစ်ထောင်နီးပါးဟာ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဒီကနေ့ စတင် ဆန္ဒပြနေကြပါ တယ်။

2012.06.28
taw-win-worker-strike-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က တော်ဝင် ဆောက်လုပ်ရေး စီမံကိန်းတွင် အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားများ လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ဆန္ဒပြနေကြစဉ်။
RFA

ဆန္ဒပြ အလုပ်သမားတွေဟာ ရန်ကုန် အင်းစိန်မြို့နယ် အောင်ဇေယျ တံတားအနီး၊ ပေါက်တောရပ်ကွက်မှာ တော်ဝင်ကုမ္ပဏီက ဆောက်လုပ်နေတဲ့ တန်ဖိုးနည်း အထပ်မြင့်အိမ်ယာ စီမံကိန်းက ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်ပါတယ်။

အလုပ်သမားတွေက နေ့စားခကို နေ့ချင်းပြီး ရှင်းပေးဖို့၊ လုပ်ငန်းခွင် သင်တန်းတက်ဖို့ အကြောင်းပြပြီး လုပ်ငန်းခွင်ကနေ ထုတ်ပယ်တာတွေကို ရပ်တန့်ပေးဖို့၊ လုပ်ခလစာ တိုးပေးဖို့နဲ့ အချိန်ပိုကြေးပေးဖို့ စတဲ့ အချက်တွေ အပါအဝင် စုစုပေါင်း ၁၄ ချက် တောင်းဆိုထားပါတယ်။

အင်းစိန်မြို့နယ် အလုပ်သမားရေးရုံး တာဝန်ရှိသူတွေက ကုမ္ပဏီနဲ့ အလုပ်သမားတွေအကြား ဖြစ်ပေါ်နေတဲ့ မပြေလည်မှုတွေကို လာရောက်ညှိနှိုင်း ပေးခဲ့ပေမယ့် အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီဘက်က အခုချိန်ထိ လိုက်လျောတာ မရှိသေးဘူးလို့ သိရပါတယ်။

အခု ဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတွေရဲ့ ဆန္ဒပြတောင်းဆိုမှုဟာ မြန်မာနိုင်ငံက ဆောက်လုပ်ရေး လုပ်သားတွေရဲ့ ပထမဆုံး ဆန္ဒပြ တောင်းဆိုမှု ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။