စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ လူမှုရေး အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

2012.09.12
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဒေသခံ ကျေးရွာလူထု တောင်းဆိုဆန္ဒပြနေကြစဉ်။
RFA

ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ပါဝင်တဲ့ မုံရွာဦးအောင်ရှင်က ဒီကနေ့ တွေ့ဆုံ ညှိနှိုင်းချက်တွေကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့က ဒီဖမ်းထားတဲ့ ကျန်တဲ့ ၃ ယောက်ပေါ့နော်။ နောက်ပြီးတော့ ဖမ်းထားတဲ့ ကိုဝေဠုကို လွှတ်ပေးဖို့တောင်းတယ်။ နောက်ပြီးတော့ ဖမ်းထားတဲ့ ကလေးမလေးတွေကို တွေ့ချင်တယ်လို့ ပြောတယ်လေ။ ၁ ရက် ၂ ရက်အတွင်းမှာ စဉ်းစားပေးပါ့မယ်တဲ့။ သူ့အဖွဲ့နဲ့ တိုင်ပင်ပြီးတော့ စဉ်းစားပေးပါ့မယ်လို့ ပြောတယ်။ သူက ဒီဖြစ်စဉ်သမိုင်းကို အကုန်ရှင်းပြတာပေါ့ဗျာ"

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လယ်မြေ မတရားသိမ်းဆည်းမှုတွေ သီးနှံလျော်ကြေး ကိစ္စရပ်တွေအပြင် ဖမ်းဆီးမိန့် ထုတ်ပြန်ထားတဲ့ ပုဂ္ဂိုလ်တွေအတွက် ဖမ်းဝရမ်းအမိန့် ပြန်ရုပ်သိမ်းပေးဖို့ စတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။