ရန်ကုန်တိုင်းက ခရိုင်တရားရုံးတွေကို ပယ်ဖျက်ပြီး အသစ်တိုးချဲ့ဖွဲ့စည်း

2022.08.18
Share on WhatsApp
Share on WhatsApp
ရန်ကုန်တိုင်းက ခရိုင်တရားရုံးတွေကို ပယ်ဖျက်ပြီး အသစ်တိုးချဲ့ဖွဲ့စည်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးကို တွေ့ရစဥ်
Photo: RFA
ရန်ကုန်တိုင်းဒေသကြီးက ယခင် အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်တရားရုံးလေးခု ပယ်ဖျက်ပြီး ခရိုင်တရားရုံးအသစ် ၁၄ ခုကို ဖွင့်လှစ်ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က ဩဂုတ်လ ၁၇ ရက်နေ့ မနေ့က ထုတ်ပြန်ပါတယ်။
 
အသစ်ဖွင့်လှစ်လိုက်တဲ့ ခရိုင်တရားရုံးတွေကတော့ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်းနဲ့ ကမာရွတ်ခရိုင်တရားရုံးတို့ ဖြစ်ပါတယ်။
 
အခု အမိန့်ကြေညာစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လက်မှတ်ရေးထိုးပြီး အတည်ပြုထုတ်ပြန်ခဲ့တာပါ။ ဒီအမိန့်ကြေညာစာနဲ့ ယခင်ခရိုင်တရားရုံး လေးခုကို ပယ်ဖျက်တယ်လို့လည်း ဖော်ပြထားပါတယ်။
 
စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ မေလအတွင်း တစ်နိုင်ငံလုံးမှာ ခရိုင်အသစ် ၄၆ ခုကို တိုးချဲ့ ဖွဲ့စည်း ခဲ့ပါတယ်။ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း ခရိုင် ၁၂၁ ခုထိ ရှိပါပြီ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။