The Voice အမှု ၆ ကြိမ်မြောက် အာမခံ ပယ်ချခံရ

2017-07-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဇူလိုင်လ ၇ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးကို ရုံးထုတ်လာစဉ်
The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို ဇူလိုင်လ ၇ ရက်နေ့က ဗဟန်းမြို့နယ်တရားရုံးကို ရုံးထုတ်လာစဉ်
Photo: Thant Zin OO/RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုခံထားရတဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေရဲ့ အာမခံ ကို အချက်အလက်မပြည့်စုံလို့ဆိုပြီး ဗဟန်းမြို့နယ်တရားရုံးက ဒီကနေ့ ရုံးချိန်းမှာ ၆ ကြိမ်မြောက် ထပ်မံပယ်ချလိုက် ပါတယ်။

အာမခံလျှောက်ထားမှုနဲ့ ပယ်ချခံလိုက်ရတဲ့အခြေအနေကို ဦးကျော်မင်းဆွေရဲ့ တရားဥပဒေအကြံပေး ဦးခင်မောင်မြင့်က အခုလို ပြောပါတယ်။

"ကျနော်တို့က တရားခွင်မှာရော တရားခွင်ပြင်ပမှရော ဘယ်အချက်ကိုလိုအပ်နေလို့ အာမခံမပေးနိုင် တာလဲလို့ အတိအကျမေးမြန်းတဲ့အခါမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ တင်ပြချက်ပေါ့ ပြောမယ်ဆိုရင် ဒါကလည်းပဲ အကျဉ်းဦးစီးဌာနက ဘယ်လိုမှမပေးနိုင်ဘူး"

ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်းကို မေးမြန်း စစ်ဆေးခဲ့ပြီး နောက်အပတ်မှာလည်း သူ့ကိုပဲ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖော်ပြခဲ့တဲ့ ကျည်ထောင်စုသစ္စာ သရော်စာကို သတင်းဌာနရဲ့ အွန်လိုင်း စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

နောက်ထပ်ရုံးချိန်းကို လာမယ့် ဇူလိုင်လ ၁၄ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး အဲဒီနေ့မှာလည်း ဦးကျော်မင်းဆွေ ဘက်က အာမခံထပ်မံလျှောက်ထားမှာဖြစ်တယ်လို့ သိရပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့