သာပေါင်းမှာ လယ်သမား ၄၈ ယောက်အမှု ရုံးထုတ်စစ်ဆေး


2014.05.22
farmers-plant-305 လယ်ကွင်းတစ်ခုအတွင် လယ်သူမများ စပါးပျိုးပင်များ စိုက်ပျိုးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု ထန်းကုန်းနဲ့ ကြောတန်းကြီးကျး ရွာတွေက လယ်သမား ၄၈ ယောက်ကို ပိုက်နက် ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှု ပုဒ်မတွေနဲ့ ဒီနေ့ သာပေါင်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ ပါတယ်။

ဒီနေ့ တရားရုံးချိန်းမှာ စစ်ဆေးမေးမြန်းခဲ့တာနဲ့ ပတ်သက်ပြီး ရုံးချိန်းသွားရောက် နားထောင်ခဲ့တဲ့ လယ်သမားအရေးဆောင်ရွက်သူ ကိုဗိုရန်က အခုလို ပြောပါတယ်။

"လယ်သမားတွေကို တရားသူကြီးကနေပြီးတော့ ခင်ဗျားတို့ ဒီလယ်ယာမြေတွေဟာ ဦးပိုင်ပေါက် လယ်ယာမြေ မှန်ကန်လား မမှန်ကန်ဘူးလားဆိုပြီး အရင်မေးတယ်ခင်ဗျ၊ အဲလိုမေးတဲ့အခါမှာ ဒီလယ်သမားတွေက ကျနော်တို့ ဦးပိုင်ပေါက် လယ်ယာမြေမှန်လို့ ကျနော်တို့လယ်ထွန်တာပေါ့၊  တရားသူကြီးက ဒါဆိုလို့ရှိရင် ပြန်ခေါ်သက်သေတွေကို ပြန်စစ်ရမယ်ခင်ဗျ၊ လယ်သမားတွေကို ၆ လပိုင်း ၅ ရက်၊ ၆ ရက် ပြန်စစ်မယ်"

လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်ကလောက်က အဲဒီ ရွာနှစ်ရွာက လယ်သမား ၄၀ ကျော် ပိုင်ဆိုင်တဲ့ ဧက ၅၀၀ ကျော်ကို ဧရာရွှေဝါကုမ္ပဏီက မြေလွတ်မြေရိုင်း ဖော်ဆောင်ရေးအတွက်ဆိုပြီး သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် ကုမ္ပဏီက သီးစားချ ငှားရမ်းထားရာကနေ ၂၀၁၂ ခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရထံ ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြန်အပ်နှံခဲ့တဲ့ လယ်မြေတွေထဲကတချို့ကို ပြန်ပေးမယ်လို့ သာပေါင်းမြို့နယ် အုပ်ချုပ်ရေးက ၂၀၁၃ ခုနှစ် ဇွန်လမှာ လယ်သမားတွေကို ပြောခဲ့တဲ့အတွက် ဝင်ရောက်ထွန်ယက်ရာကနေ အမှုဖွင့်တရားစွဲခံရတာလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။