သံတွဲပဋိပက္ခ အဓမ္မပြုကျင့်မှု ကျူးလွန်သူနှစ်ဦးကို ထောင် ၁၅ နှစ်စီချမှတ်


2013-10-22
Share

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြီးခဲ့တဲ့ဇွန်လအတွင်း ပဋိပက္ခတစ်ခုကို စတင်ဖြစ်ပွားစေခဲ့တဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရမှုမှာ ပြစ်မှုကျူးလွန်ခဲ့သူနှစ်ဦးကို သံတွဲခရိုင်တရားရုံးက မနေ့က ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဒီပြစ်ဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ တရားရုံးကို သွားရောက်နားထောင်ခဲ့တဲ့ သံတွဲမြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

“၃ နာရီခွဲလောက်မှာ အဲဒီအမှုကို ထောင်ချမှတ်တယ်၊ တရားခံနှစ်ယောက်ကို သံတွဲမြို့ ခရိုင်တရားသူကြီးရုံး ကနေ တစ်ယောက်ကို ၁၅ နှစ်စီ ထောင်ဒဏ်ချမှတ်တယ်၊ လာကြားနားတာ လူအင်အား ၅ဝ ကျော်လောက်ရှိမယ်”

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က သံတွဲမြို့ကို ခေတ္တလာရောက်တဲ့ တောင်ကုတ်မြို့ခံ အမျိုးသမီးငယ်တစ်ဦးကို အစ္စလာမ်ဘာသာဝင် အမျိုးသားနှစ်ဦးက သားမယားအဖြစ် အဓမ္မပြုကျင့်တယ်လို့ သတင်းတွေထွက်ပေါ်ပြီး သံတွဲမြို့မှာ မီးရှို့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ပျက်စီးခဲ့ပြီး အစိုးရက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ အမှုနဲ့ပတ်သက်လို့ သံသယရှိသူနှစ်ဦးကို အစိုးရက ဇူလိုင်လ ၁ ရက်နေ့မှာ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ပြစ်မှုထင်ရှားတဲ့အတွက် မနေ့က ထောင်ဒဏ်တွေချမှတ်လိုက်တာ ဖြစ်ပါတယ်။ သံတွဲမြို့မှာ စက်တင်ဘာလကုန်ပိုင်းကလည်း နောက်ထပ်ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့