ကျောင်းသားသပိတ်မှာဆန္ဒပြသူ ပုသိမ်နည်းပြ ဆရာကို ထောင် ၃ လ ပြစ်ဒဏ်ချမှတ်

2015-05-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တာဝန်ကနေ ယာယီရပ်နားခံရတဲ့ ကျောင်းဆရာ ဦးဝေယံအောင် ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖျာပုံမြို့မှာတွေ့ရစဉ်
တာဝန်ကနေ ယာယီရပ်နားခံရတဲ့ ကျောင်းဆရာ ဦးဝေယံအောင် ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဖျာပုံမြို့မှာတွေ့ရစဉ်
Photo: RFA

လက်ပံတန်းမြို့ ကျောင်းသား သပိတ်စစ်ကြောင်းကို ဆန္ဒပြထောက်ခံခဲ့တဲ့ ပုသိမ်နည်းပညာတက္ကသိုလ် နည်းပြဆရာ ဦးဝေယံအောင်ကို တရားမဝင်စီတန်း လှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ပုသိမ်မြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက် ပါတယ်။

ခွင့်ပြုချက်မတင်ပဲ ဆန္ဒပြတဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမိန့်ချပြီး ပုသိမ်အကျဉ်းထောင်ဆီ ပို့လိုက်ပြီလို့ ဦးဝေယံအောင်ရဲ့ ရှေ့နေ ဦးဇော်ဝင်းအောင် က ပြောပါတယ်။

"စုဝေးစီတန်းလှည့်လည် ဥပဒေပုဒ်မ ၁၈ ကို ခွင့်ပြု မိန့်မတင်လို့ပေါ့နော်၊ ဥပဒေပဒ်ုမကို ကျူးလွန်တယ် ဆိုပြီးတော့ ပုဒ်မ ၁၈ အရ ထောင်ဒဏ် ၃ လ ဒီအမိန့် ချတယ်ပေါ့နော်၊ ၆ လအထိချနိုင်တဲ့ပြစ်ဒဏ်ပါ၊ တရားရုံးကအမိန့်ချပြီးတော့ သူတို့ကို လုပ်ထုံး လုပ်နည်းအရပဲ တစ်ခါတည်း အချုပ်ခန်းထဲခေါ်သွား တာပေါ့"

ဦးဝေယံအောင်ဟာ ဧရာဝတီသပိတ်စစ်ကြောင်းမှာ ပါဝင်ခဲ့သူဖြစ်ပြီး မတ်လအတွင်းမှာ လက်ပံတန်း ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံကြောင်းနဲ့ ဆန္ဒပြကျောင်းသားတွေကို အကြမ်းမဖက်ဖို့ ဆန္ဒပြခဲ့တဲ့အတွက် ပုသိမ်မြို့နယ်ရဲစခန်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုတရားစွဲဆိုခံရတာကြောင့် ပုသိမ်နည်းပညာတက္ကသိုလ် နည်းပြဆရာအဖြစ်ကလည်း ယာယီရပ်ဆိုင်းခံ ထားရပါတယ်။

ဦးဝေယံအောင်ဟာ ဧရာဝတီသပိတ်စစ်ကြောင်း ချီတက်ဖြတ်သန်းခဲ့တဲ့ ဒေးဒရဲ၊ ကန်ကြီးထောင့်၊ ကျောင်းကုန်း ၊ ညောင်တုန်း၊ မအူပင် စတဲ့မြို့နယ် ၉ မြို့နယ်က ရဲစခန်းတွေမှာလည်း ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံထားရပါတယ်။

ကွန်မင့်များ (2)
Share

အမည်မဖော်လိုသူ

မှန်ကန်တဲ့လုပ်ရပ်လုပ်လို့...၀န်ထမ်းကောင်းတယောက်..အလုပ်ပြုတ်ထောင်ကျရပြီ.

May 22, 2015 07:10 PM

အမည်မဖော်လိုသူ

ကောင်းတာ​ပေါ့

May 22, 2015 12:43 PM

(

မင်းတို့လို ကောင် တွေ သခင်အားရ ကျွန်ပါးဝ တဲ့ လူမျိုး တွေဆိုတာ လူတိုင်းသိပါတယ်။
သမ္မတ က လေ တွေဘာ တွေ လည် ပြ လိုက် ရင် အ ဟုတ် ကြီးမှတ် နေ တဲ့ ကောင် တွေပါ

May 23, 2015 12:31 PM

ဆိုက်တခုလုံးသို့