ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းပေ မယ့် ကြေညာချက် မထုတ်နိုင်ကြောင်း သမ္မတရုံးပြော

2015-07-05
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာ စာထုတ်ပြန်မပေးနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသ ကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဆက်လက် မဆောင်ရွက်တော့ပေမယ့် အမိန့်ကြေညာစာကိုတော့ ထုတ်ပြန်မပေးနိုင် ဘူးလို့ မနေ့က ရန်ကုန်တိုင်းသာသနာရေး ဦးစီးမှူး ဦးစိန်မော် က ဖုန်းနဲ့အကြောင်းကြားခဲ့တယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

"အကြောင်းပြန်တာကလည်း ရန်ကုန်သာသနာရေးမှူး ဦးစိန်မော်ထံကနေပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဆက်လက်ပြီးတော့မလုပ်ဘူး၊ သမ္မတရုံးက အမိန့်ကြေညာစာတော့ ထုတ်လုပ်မပေးနိုင်ဘူးဆို ပြီးတော့ ဘုန်းကြီးတို့ဆီ အကြောင်း ပြန်ပါတယ်၊ ဘာကြောင့်အကြောင်းပြန်စာထုတ်မပေး တာလည်းဆိုတော့ အချိန်ကာလ ကလည်းတိုတယ်တဲ့၊ နိုင်ငံခြားကဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့လည်း လုပ်ထားရတော့ သူတို့ မှာ မလွယ်ကူဘူးလို့ အကြောင်းပြန်ပါတယ်"

အမိန့်ကြေညာစာထုတ်ပြန်မပေးတဲ့အတွက် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး လက်ကမ်း စာစောင်ဝေတာတွေ၊ လက်မှတ်ကောက်ခံတာတွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့အထိ စတဲ့ လှုပ်ရှားမှုတွေကို အဖွဲ့အနေနဲ့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

ဒဂုံစီးတီးစီမံကိန်း လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ၁၅ ရက်အတွင်း ထုတ်ပြန်ပေးပါမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှုးကြီးတင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့က ပြီးခဲ့တဲ့ ဇွန်လ၂၀ ရက် နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦး ကျောင်းတိုက် မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ် ရှိတဲ့ မြေနေရာ ဖြစ်ပြီးဧက ၂၀ ကျော်မှာအထပ်မြင့်ကွန်ဒို အဆောက် အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ကွန်မင့်များ (6)
Share

ပွဲကြည့်ပရိသာတ်

နေရပ်- Myanmar

ဟားဟား တော်တော် ရှေ့ နောက် မညီတာပဲ တစ်ရက် နှစ်ရက် အတွင်း ပြောင်းပြန် ဖြစ်သွားတယ်။

Jul 07, 2015 08:00 PM

ဖိုးလပြည့်

နေရပ်- Myanmar

ဗိုလ်မှုးကြီးတင်ဝင်း နဲ့  တိုင်းမှူးး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့ေ၇ မင်းတို့  မျက်နှာတွေ ဓါးနဲ့  လှီးပြစ် လိုက်တော့။ သန်းရွေ မိသားစု ကို မပြိုင်နိုင် ပါဘူး။

Jul 06, 2015 08:39 PM

than shwe

နေရပ်- idea

all fake...bull shit...just a new magic show of government and Ma Ba Tha.....in and out,,,up and down...what ever you do just a instruction of Than Shwe....now Than Shwe have plenty of time and ideas to play the dirty game from behind these puppets.,,thein sein, , minn aung laing,,.shwe mann and others...

Jul 06, 2015 03:28 PM

အမည်မဖော်လိုသူ

သူခိုးတွေ စားတုန်းယူတုန်းကတော့  အသာတကြည်မျိုဆို့ ခဲ့ ကြပြီး အန်ရမှာ ကြတော့  ကြောက်ကြတယ် လက်ဘက်ရည်ဆိုင်မှာ ကြားခဲ့ တာကတော့  သွားလေသူ စာဖတ်ချုပ်မှုးကြီး သမီးတွေက စားပြီး ဆောက်စေ လို့ အမိန့် က ကျထားပြီးသား ပြန်အမ်းဘို့ ကျတော့  ဘယ် ဗိုလ်ချုပ်ကမှ ပြန်မတောင်းပေးရဲကြဘူးတဲ့  ဒါများ ထုံးစံအတိုင်း နောက်လုပ်ကွက်တစ်ခု ရော်ပေးလိုက်ပေါ့  သူခိုးတွေ

Jul 06, 2015 04:30 AM

အမည်မဖော်လိုသူ

ဘုန်းကြီးတွေနိုင်ငံရေးလုပ် "စား" ရင်ပိုရုပ်ပေါ့။

Jul 06, 2015 12:04 AM

အမည်မဖော်လိုသူ

ဟုတ်တယ်နေရာတကာရှုတ်တယ် အရည်းကြီး
လုပ်ချင်နေကြတယ်

Jul 07, 2015 10:54 PM

မှတ်ချက်အားလုံးကို ဖတ်ရှုရန်.

ဆိုက်တခုလုံးသို့