ဒေါ်အောင်ဆန်း စုကြည် ပြင်သစ် ရောက်ပြီ


2014.04.14
dassk-singapore-305.jpg စင်္ကာပူနိုင်ငံမှာ စက်တင်ဘာလ ၂၁ ရက်နေ့ကကျင်းပတဲ့ စီးပွားရေးညီလာခံမှာ ဒေါ်အောင်ဆန်းစုုကြည် မိန့်ခွန်းပြောကြားနေစဉ်
photo: Youtube

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်း စုကြည်ဟာ မနေ့ နေ့လည်ပိုင်းက ပြင်သစ်နိုင်ငံ ကို ရောက်ရှိခဲ့ပါတယ်။

ဒီကနေ့ သမ္မတအိမ်တော်မှာ ပြင်သစ်သမ္မတ Francois Hollande ၊ နိုင်ငံခြားရေးဝန်ကြီး တို့နဲ့ တွေ့ဆုံ မှာ ဖြစ်ပြီး၊ ပြင်သစ် နဲ့ မြန်မာ နှစ်နိုင်ငံ စီးပွားရေး ၊ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးမှု နဲ့ လူမှုရေးဆိုင်ရာ ဖလှယ်ရေး အစီအစဉ်တွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒါ့ပြင် ပြင်သစ် စစ်တပ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ ဆုံဖို့ ရှိ ကြောင်း သိရပါတယ်။

ပြင်သစ်ခရီးစဉ်အတွင်း ပြင်သစ်နိုင်ငံရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံလိုပေမဲ့၊ အစီအစဉ်တွေ များပြား လှတဲ့အတွက် တွေ့ဆုံဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို ဧပြီလ (၁၇)ရက်နေ့မှာပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။