ရွေးကောက်ပွဲဝင်ဖို့ မဆုံးဖြတ် ရသေးကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြော

2014-12-30
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
NLD ရုံးချုပ်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
NLD ရုံးချုပ်မှာ ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပြုလုပ်တဲ့ သတင်း စာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ချက်မချရသေးဘူးလို့ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။ ရန်ကုန်မြို့ NLD ပါတီရုံးချုပ်မှာ သတင်း မီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြား ရာမှာ ရွေးကောက်ပွဲဝင်ရေးကိစ္စ ဆုံးဖြတ်ဖို့ စော လွန်းနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။

"ရွေးကောက်ပွဲကို ဘယ်တော့ကျင်းပမယ်ဆိုတာ တရားဝင်ကြေညာတဲ့အခါကျလို့ရှိရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲကို ဝင်ပြီးတော့ ယှဉ်ပြိုင်မှာလား၊ မယှဉ်ပြိုင်မှာလားဆိုတာကို တရားဝင်ကြေညာမှာဖြစ်ပါတယ်၊ အခုအချိန်က သိပ်စောပါသေးတယ်၊ ရွေးကောက်ပွဲကျင်းပမှာလား ဘယ်တော့ကျင်းပမှာလဲဆိုတာ တရားဝင်ကြေညာစရာ မရှိသေးပါဘူး"

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့အရေးကြီးပြီး ပြည်သူ တွေရဲ့ ဆုံးဖြတ်ချက်မမှန်မှာကို စိုးရိမ်မိကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ မှန်မှန်ကန်ကန် ဖော်ထုတ်အရေးယူဖို့လိုကြောင်းနဲ့ နှစ်ဘက်ပြေလည်ရေးကို ဦးတည်ပြီးဆောင်ရွက်ဖို့ လိုတယ်လို ပြောကြားခဲ့ပါတယ်။

ကွန်မင့်များ (3)
Share

Pyay Aye

နေရပ်- Myanmar

DSSk ရတာဟာ ပြည်သူအာဏာရတာနဲ့  အတူတူပဲ။ DSSK အာဏာမရအောင် ပိတ်ဆို့ တာဟာ ပြည်သူ့  အာဏာကို ပိတ်ဆို့ တာနဲ့ အတူတူပဲ။ ဗမာစစ်တပ်ဟာ ပြည်သူကတပ်ဆင်ပေးထားတဲ့ လက်နက်ကိုတလွဲအသုံးချပြီး ဗိုလ်နေ၀င်း နဲ့  ဗိုလ်သန်းရွှေ ဖျက်ဆီးခဲ့လို့  ပြည်သူကို ပြန်သတ်နေတာ။ သူတို့ ရဲ့ မွေးစားသားတွေက အခုထိသူတို့ ပထွေးတွေ အာဏာကိုလွမ်းဆွတ်ပြီး ပြည်သူကို ခြိမ်းခြောက်နေတုန်းပဲ။

Jan 01, 2015 12:05 AM

Pyay Nyein

နေရပ်- Myanmar

အာဏာရှင်တွေရဲ့ မွေးစားသားတွေကတော့ သူတို့  ပထွေး အာဏာ လက်လွတ် ရျမဲ့ ဟာမှန်သမျှ မျက်ကန်းမျိုးချစ် ပြီပြီ မျက်စေ့ စုံမှိတ်ပြီး ဆန့် ကျင်နေမျာပဲ။ နည်းမှန်လမ်းမှန် ယှဉ်ပြိုင်ရင် သူတို့ ရှုံး မှာသေချာနေလို့ ပဲ။ စစ်တပ်ဦးဆောင်တဲ့ နိုင်ငံရေးဟာ တိုင်းပြည်ကိုဘယ်တော့မှတိုးတက်စေမှမဟုတ်ဘူး။ ဖွံ့ ဖြိုးပြီး ဖွံ့ ဖြိုးဆဲ နိုင်ငံတွေကိုကြည့်ပါ။ တိုင်းပြည် ကိုဖွံ့  ဖြိုးတိုးတက်အောင်လုပ်ပေးတာ စစ်ဗိုလ်မဟုတ်ဘူး၊ အရည်အချင်းရှိတဲ့ နိုင်ငံရေးသမားကလုပ်တာ။

Dec 31, 2014 08:17 PM

U Thant Zin

နေရပ်- Yangon

Please don't be worry! We never make amendment on 59(Sa).

Dec 31, 2014 12:01 AM

ဆိုက်တခုလုံးသို့