ဒေါ်အောင်ဆန်းစုကြည် အိမ်မြေအမှု နှစ်ဘက်ရှေ့နေတွေ လျှောက်လဲချက်တင်

ဒီကနေ့ မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အိမ်မြေပိုင်ဆိုင်တဲ့ အမှုနဲ့ ဆက်နွယ်နေတဲ့ အိမ်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦး ဘက်က အထွေထွေ အယူခံတဲ့ အမှုအတွက် နှစ်ဘက် ရှေ့နေတွေ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တရားရုံးမှာ လျှောက်လဲချက် ပေးတယ်လို့ သိရပါတယ်။

2011.08.30
dassk-house-305 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် ရန်ကုန်မြို့ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ဖြစ်ပါသည်။
historical pictures

ဒီအမှုဟာ ၂၀၀၉ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေထိုင်လျက် ရှိတဲ့အိမ်၊ နာဂစ် မုန်တိုင်းကြောင့် ပျက်စီး ယိုယွင်း နေတာတွေကို ရန်ကုန် စည်ပင်သာယာရဲ့ ပြင်ဆင် ခွင့်ပြုချက်အရ ပြင်နေတာကို ဦးအောင်ဆန်းဦးက တရားရုံးကို လျှောက်ထား တားဆီး ခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးက ဒီလျှောက်ထား ချက်ကို ၂၀၁၀ ခုနှစ် ဦးပိုင်းက ပယ်ချလိုက် တာကြောင့် ဦးအောင်ဆန်းဦး ဘက်က အထွေထွေ အယူခံ ပြန်တင် ခဲ့ပါတယ်။

ဒီအမှုကို နှစ်ဘက် ရှေ့နေတွေ လျှောက်လဲချက် ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် တရားရုံးက ဒီကနေ့ခေါ်ယူခဲ့တာပါ။

ဒီကနေ့ လျှောက်လဲချက် ပေးတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က လျှောက်လဲချက် ပေးခဲ့တဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပြ ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်က အိမ်ပြင်တယ် ဆိုတာက သူ့ရဲ့ လုံခြုံရေးရော အိမ်ရဲ့ ကြံ့ခိုင်မှုရော အတော်ညံ့ နေလို့ ပြင်တာ။ ဘာမှ ထိခိုက်အောင် လုပ်တာ မဟုတ်ဘူး။ ကောင်းအောင် လုပ်တာ။ အဲဒါကို ကန့်ကွက် နေတာ။ သူတို့ကတော့ ဒီအိမ်ပြင်တာ အပြင် ခြံတခုလုံးဟာ သူတို့နဲ့ ဆိုင်တဲ့ အတွက် သူတို့ ထိခိုက်တယ်။ ဘယ်ဟာမှ မလုပ်ရအောင် တာပေးပါ ဆိုပြီးတော့ ဒီလိုကို ပြောပါတယ်”

ဦးအောင်ဆန်းဦး ဘက်က ရှေ့နေ ဦးအေးလွင် လျှောက်လဲချက် ပေးတယ်လို့ ဆိုပါတယ်။ လတ်တလော ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦး ရင်ဆိုင်နေတဲ့ အမှု သုံးမှုရှိတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ ဦးအောင်ဆန်းဦးနဲ့ မူလအမှုကတော့ ရန်ကုန်တိုင်း တရားရုံးပေါ့ အခုတော့ ရန်ကုန်တိုင်း မခေါ်တော့ဘူး။ ခရိုင်ရုံး ရောက်သွားတာ ပေါ့နော်။ အဲဒီမှာ ကျနော်တို့ ကြားနာ နေရတယ်။ အဲဒါက အမွေမှု။ အဲဒါနဲ့ ဆက်နွယ်တာက ဒီကနေ့အမှု နောက်တခုက အဲဒါနဲ့ ဆက်နွယ် ပြီးတော့ပဲ တရားရုံး မဆုံးဖြတ်ရသေး တာကို ပြောတဲ့အမှု သုံးမှု ရှိပါတယ်”

ဒီကနေ့ လျှောက်လဲချက် ပေးခဲ့တဲ့ အမှုအပြင် အမှုသုံးခုလုံး မပြီးပြတ် သေးဘဲ တရားရုံးမှာ ရင်ဆိုင် နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-31 00:21

ဦးအောင်ဆန်းဦးကလည်း မကူညီချင်နေမနှောက်ရှက်နဲ့ဆိုတဲ့စကားအတိုင်း..ညီမဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွက် ပြည်သူအတွက် ရှေ့ကနေမားမား မတ်မတ်၇ပ်ပြီးဒီမိုကရေစီအတွက် ကြိုးပမ်းနေချိန်မှာ သူကအမွေခွဲဖို့လိုက်လုပ်နေတယ် ကိုယ့်အတွက်ဘဲကိုယ်ကြည့်တဲ့
အတ္တသမားဘဲ ဗိုလ်ချုပ်ရဲ့သားလို့တောင်ပြောဖို့အတွက်ရှက်ဖို့ကောင်းပါတယ်..
ဒါကြောင့် အကြံတခုလောက်ပေးချင်တာက ဦးအောင်ဆန်းဦးနာမည်ထဲက အောင်းဆန်း ဆိုတဲ့နာမည်ကိုဖြုတ်လိုက်ပါဗျာ ဦးဦးလို့ဘဲခေါ်လိုက်ပါနော်...

Anonymous
2014-12-06 07:36

Divide & Rule policy is well under-way between the Two.