ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ အမြင့်ဆုံးဆု ပြန်ရုပ်ဖို့ အမတ်တချို့ စဉ်းစား

2018-03-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့ကကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့ကကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေပေါ် အကြင်နာကင်း ရက်စက်ခဲ့တဲ့လုပ်ရပ်တွေနဲ့ ပတ်သက် ပြီး နှုုတ်ဆိတ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၃ ခုနှစ်က ချီးမြှင့်ခဲ့တဲ့ အမေရိကန်ကွန်ဂရက် ဆိုင်ရာ ရွှေတံဆိပ်ဆုပြန်ရုပ်သိမ်းဖို့ အမေရိကန်ဒီမိုကရက်ပါတီ အမတ်တချို့က စဉ်းစားနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ်မကျူးလွန်တဲ့ကိစ္စကို တစ်စုံတရာထုတ်ပြောရုံနဲ့ လုံလောက်လျက်သားနဲ့ ဘာတခွန်းမှ ဖွင့်ဟမပြောတာဟာ သူကိုယ်တိုင်ပါဝင်ပတ်သက်နေသလား၊ ဒါမှမဟုတ် နှုတ်ဆိတ်နေရုံနေတာလား လို့ ကယ်လီဖိုးနီးယားပြည်နယ် လွှတ်တော်အမတ်တဦးဖြစ်သူ Ro Khanna ကပြောပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်က တခြား လွှတ်တော်အမတ်တွေကလည်း ဒါကို စဉ်းစားနေတယ်လို့ ပြောဆိုနေသံတွေ ကို သူကြားရတယ်လို့လည်း ဆိုပါတယ်။

Ro Khanna ရဲ့ မှတ်ချက်ဟာ ရိုဟင်ဂျာတွေကို စစ်တပ်က တိုက်ခိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ပြင်ပြင်းထန်ထန် ပြောလာအောင် ကြိုးပမ်းတဲ့အနေနဲ့ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ချီးမြှင့်ထားတဲ့ ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ်ကို ပြန်ရုပ်သိမ်းဖို့ တခြားအမတ်တွေ ချိန်ဆမယ့်ဘက် ဦးတည်တယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တဦးအနေနဲ့ ခုလိုရက်စက်နေတာတွေကို ဆန့်ကျင်စကား ပြောကြားသင့်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်က နောက် ဒီမိုကရက်အမတ်တဦးဖြစ်တဲ့ Ami Bera ကပြောပြီး ဒီလို မရပ်တည်ရင် ကွန်ဂရက်ဆု ပြန်ရုပ်သိမ်းရေးကိစ္စကို သူထောက်ခံဖို့ အသင့်ပါပဲလို့ ပြောပါတယ်။

ဗာဂျင်းနီးယားပြည်နယ်က ဒီမိုကရက်အမတ် Gerry Connolly ကတော့ စစ်တပ်နဲ့ သူဦးဆောင်နေတဲ့ အရပ်သားအစိုးရကြား ခဲရာခဲဆစ် ဘက်မျှထိန်းညှိဖို့ အတော့်ကို သိမ်မွေ့ခက်ခဲတာမှန်ပေမဲ့လည်း ဒါကို ဆင်ခြေပေးပြီး နှုုတ်ဆိတ်နေသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

နယူးယောက်ပြည်နယ် ဒီမိုကရက်အမတ် Joseph Crowley ကတော့ ကျင့်ဝတ်အရ တစ်စုံတရာ ထုတ်ဖော်ပြောပါလို့ တိုက်တွန်းပြီး ကယ်လီဖိုးနီးယားပြည်နယ်က အမျိုးသမီးကွန်ဂရက် အမတ် Anna Eshoo ကတော့ ကျမတို့ သူရဲကောင်း ဘာဖြစ်သွားပြီလဲလို့ပြောပြီး အကြမ်းဖက်မှုကို ရင်ဆိုင်ဖို့ ပျက်ကွက်တာဟာ ကမ္ဘာတဝန်းလေးစားသမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သတင်းကျော်စောမှုကို ထိခိုက်ပျက်စီးသွားစေတယ် လို့ ထောက်ပြပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့