နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့နေရာ မပြေလည်သေး

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဟောပြောမှာကို မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ကန့်ကွက်ထားကြောင်း သိရပါတယ်။

2012.03.01
thonegwa-dassk-b305 ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သုံးခွမြို့နယ် ပြည်သူလူထုက ကြိုဆိုနေကြစဉ်။
Photo courtesy of NLD Web site

မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့်နေရာဟာ စာသင်ကျောင်း ဘုန်းကြီးကျောင်းနဲ့ နီးတဲ့အတွက်ဖြစ်ကြောင်း အကြောင်းပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် ခေါ် ဦးဇေယျာသော်က ဟောပြောခွင့်ရဖို့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

အားကစားကွင်းလို နေရာမျိုးမဟုတ်ဘဲ မြို့နယ်အတွင်းက ကိုယ်ပိုင်လယ်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောဖို့ တောင်သူတစ်ဦးက နေရာဌားရမ်းထားတာလို့ ဦးဇေယျာသော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။