မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်
2012.11.26
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်အတွင်းက တရားရုံးတွေကို ဝင်ရောက် စစ်ဆေးနေစဉ်
Photo:RFA/Win Naung Toe
ဒီကနေ့ စစ်ဆေးမှု အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က တရားရုံးတွေ ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံးတွေကို ဝင်ရောက် စစ်ဆေးအပြီးမှာ နေပြည်တော်က နေအိမ်ကို ပြန်လည် ထွက်ခွာသွားပြီး ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်းမနား မြို့နယ် တရားရုံးကို ဆက်လက် စစ်ဆေးခဲ့ပါတယ်။
အခုလို ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တရားရုံးတွေကို ရှောင်တခင် သွားရောက် စစ်ဆေးတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။









