နှစ်နိုင်ငံ ချစ်ကြည်ရေး တိုးမြှင့်မည်


2016.04.05
dassk-wangyi-china-620.JPG တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Wang Yi နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တို့ ဧပြီလ ၅ ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပူးတွဲသတင်းစာရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA

NLD အစိုးရသစ်ဟာ တာဝန်ယူတာ တစ်ပတ်ကြာမြင့်တဲ့အချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ လာရောက် ဂုဏ်ပြုတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီ Wang Yi နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည် က ဂုဏ်ယူကြောင်း ပြောကြားတာဖြစ်ပါတယ်။

"ကျမတို့အစိုးရ သက်တမ်းဟာခုမှ တစ်ပတ်ပဲရှိပါသေးတယ်၊ ဒီလိုအချိန်ကာလတစ်ခုအတွင်းမှာ လာရောက်ပြီးတော့ လည်ပတ်တာ ချစ်ကြည်ရေး ကို ဖော်ဆောင်တယ်လို့ ကျမတော့ယူဆပါတယ်"

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာ တကမ္ဘာလုံးနဲ့ ခင်မင်ရင်းနှီးစွာဆက်ဆံရေး၊ လူသားအားလုံး တိုးတက်ရေး ဆိုတဲ့ ယုံကြည်ချက်အရ ချမှတ်ထားတာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

တရုတ်အစိုးရက ရင်းနှီးမြုှပ်နှံထားတဲ့ မြစ်ဆုံစီမံကိန်းစာချုပ်ကို ဒေါ်အောင်ဆန်းစုကြည် က သူကိုယ်တိုင်တောင် မဖတ်ရသေးတဲ့အတွက် ပြည်သူကို မချပြနိုင်သေးကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းရာ မှာ ဖြေကြားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး က မြန်မာနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးဟာ ချစ်ကြည်ရေးပေါ်လစီအဖြစ် ဆက်လက်ထားရှိသွားမှာဖြစ်ပြီး တည်ငြိမ်မှုရှိတဲ့ ချစ်ကြည်ရေးအဖြစ် စကားပြန်ကတဆင့် ပြောကြားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍ ဖံ့ွဖြိုးတိုးတက်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝမြှင့်တင်ရေးတွေမှာ တရုတ်အစိုးရက ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောကြားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။