ငြိမ်းချမ်းရေးရဖို့ ဆက်ပြီးကူညီ သွားမယ်လို့ တရုတ်သမ္မတပြော


2017.05.16
dassk-china-president-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့ ၂ဝ၁၇ ခုနှစ် မေလ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် တွေ့ဆုံစဉ်
Photo: AFP Video Capture

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ တရုတ်နိုင်ငံအနေနဲ့ ဆက်ပြီး ကူညီသွားမှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင်းပင်က ဒီကနေ့ ပြောလိုက်ပါတယ်။

တရုတ်နိုင်ငံကို ခရီးရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ တရုတ်သမ္မတ အခုလို ပြောလိုက်တာလို့ တရုတ်အစိုးရသတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ဟာ တရုတ်နိုင်ငံရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း- One Belt One Road ထိပ်သီးညီလာခံ ကာလအတွင်း ဒေါ်အောင်ဆန်း စုကြည်နဲ့ နှစ်ကြိမ်တွေဆုံခဲ့ပြီး၊ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေကို ဆက်လက် ပေးအပ်သွားဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောကြား ခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

ဘယ်လိုအကူအညီတွေ ပေးအပ်မယ်ဆိုတာကိုတော့ တိတိကျကျ ဖော်ပြရေးသားထားတာ မရှိပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုတ်နိုင်ငံ ကို ကျေးဇူးတင်ရှိကြောင်းနဲ့ နှစ်နိုင်ငံနယ်ခြား တလျှောက် တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်းလုပ်ဆောင် သွားမယ့် အကြောင်း တုန့်ပြန်ပြောကြားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ဝန်ကြီးချုပ် မစ္စတာလီကဲ့ချင်းနဲ့ ဒီနေ့တွေ့ဆုံပြီးနောက်၊ နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာငါးခု လက်မှတ်ရေးထိုးတဲ့အခမ်းအနား တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။