ဖွဲ့စည်းပုံအခြေခံဥပဒေ မှားယွင်းမှု ဒေါ်အောင်ဆန်း စုကြည် ဝေဖန်


2013.11.06

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတစ်ဦးတစ်ယောက်ကိုဦးတည်ပြီး နှိပ်ကွပ်ဖို့ သို့မဟုတ် မြှောက်စားနေရာပေးဖို့အတွက် ရေးဆွဲတာမျိုး မဖြစ်သင့်ကြောင်းနဲ့ မြန်မာပြည်ရဲ့ လက်ရှိဖွဲ့စည်းပုံဥပဒေဟာ မိမိကိုထိုးနှက်ဖို့အတွက် ရည်စူးပြီးရေးဆွဲထားတာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အာဖက်အေက သီးသန့်အစီအစဉ်အဖြစ် တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့ညပိုင်းက ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့မယ်ဆိုရင် အစိုးရတစ်ရပ်ကို ဦးဆောင်နိုင်တဲ့ အရည်အချင်းရှိပါ့မလားလို့ ဝေဖန်ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတစ်ခုကို ဦးဆောင်ရာမှာ အုပ်ချုပ်မှုအတွေ့အကြုံရှိရေးထက် အရည်အချင်းရှိသူတွေကို ထိုက်တန်စွာနေရာပေးနိုင်ဖို့အချက်က ပိုမိုအရေးကြီးတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။