ဒီမိုကရေစီ မကျင့်သုံးချင်သူတွေ အကြောင်း ဒေါ်အောင်ဆန်း စုကြည် ဟောပြော

မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက် တန်သေး ဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီ စနစ်ကို မကျင့် သုံးချင်တဲ့လူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်း၊ ရွှေမော်ဓေါစေတီ အနောက်ဘက်မုဒ်က ကွင်းမှာ ဇန်နဝါရီလ ၃ ရက်နေ့ကကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အကြိုပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ်

မြန်မာပြည်သူလူထုကို ဒီမိုကရေစီနဲ့ မထိုက်တန်သေး ဘူးလို့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီစနစ်ကို မကျင့် သုံးချင်တဲ့လူတွေဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ရွှေမော်ဓေါစေတီ အနောက်ဘက် မုဒ်က ကွင်းထဲမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ်အောင် ဆန်း နှစ်တစ်ရာပြည့်အကြိုပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အခုလို ပြောလိုက်တာပါ။

"မကြာခဏ ကျမ အနှစ် ၂ဝ ကျော်၊ ၃ဝ အတွင်း မှာ ကြားခဲ့ရပါတယ်၊ ဗမာပြည်သူလူထုဟာ ဒီမိုကရေစီနဲ့ မတန်သေးဘူးတဲ့၊ အဲ့လိုစကားပြော တဲ့သူတွေ ရှိပါတယ်၊ အဲ့လိုပြောတဲ့သူတွေကတော့ ဒီမိုကရေစီ မပေးချင်သေးတဲ့သူတွေပေါ့၊ အဲ့တော့ ကျမတို့နိုင်ငံမှာ ဒီမိုကရေစီဖွံ့ဖြိုးဖို့ဆိုလို့ရှိရင် ပြည် သူလူထုကို ဒီမိုကရေစီအခွင့်အရေးတွေပေးဖို့လို တယ်၊ တစ်နည်းအားဖြင့်ဆိုလို့ရှိရင် ပြည်သူလူထု ကို ယုံကြည်ရမယ်၊ အဲ့လိုပေးတဲ့အခါကျရင်လည်း အခွင့်အရေးတွေကို အလွဲသုံးစားမလုပ်ဖို့ရာ ပြည် သူတွေရဲ့ တာဝန်ဖြစ်ပါတယ်"

ဒါ့အပြင် ဒီမိုကရေစီစနစ်ဖြစ်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို အစိုးရက ဖော်ဆောင်ပေးရမှာဖြစ်ပြီး ပြည်သူတွေကလည်း စည်းကမ်းရှိတဲ့ပြည်သူဖြစ်လာဖို့ ဆောင်ရွက်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီချုပ် နာယက ဦးတင်ဦးလည်း တက်ရောက်အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပြီး ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် တက်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြ ထားပါတယ်။