ဒေါ်အောင်ဆန်းစုကြည် တတိယမြောက် ဥရောပခရီးစဉ် စတင်တော့မည်


2013.10.14
dassk-parliament-305.jpg အောက်တိုဘာလ ၁၄ ရက်နေ့က ပြည်သူ့လွှတ်တော် ကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာစဉ်
photo: RFA/ Win Naung Toe

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် အောက်တိုဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂ ရက်နေ့အထိ ဥရောပ ၅ နိုင်ငံကို သွားရောက်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

သီတင်းနှစ်ပတ်ကြာမြင့်မယ့် အဲဒီခရီးစဉ်မှာ  ဘယ်လဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ အီတလီ စတဲ့နိုင်ငံတွေကို သွားရောက်မှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်ရေးတာဝန်ခံ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ EU ဥရောပသမဂ္ဂအဖွဲ့ကချီးမြှင့်တဲ့ အဆင့်မြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Sakharov ဆုကို ကိုယ်တိုင်လက်ခံရယူမှာဖြစ်ပြီး၊ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် Sandhurst စစ်တက္ကသိုလ်မှာ စကားပြောကြားဖို့ရှိပါတယ်။ ဒါ့အပြင် မြောက်အိုင်ယာလန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ ဥရောပပါလီမန်ကိုပါ သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၃ ကြိမ်မြောက် ဥရောပနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။