ဒေါ်အောင်ဆန်းစုကြည် ပြင်သစ် သမ္မတနဲ့ တွေ့ဆုံ

2014-04-15
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ François Hollande တို့ ဧပြီလ ၁၅ ရက်နေ့က ပဲရစ်မြို့မှာ တွေဆုံကြစဉ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ François Hollande တို့ ဧပြီလ ၁၅ ရက်နေ့က ပဲရစ်မြို့မှာ တွေဆုံကြစဉ်
photo:RFA

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာရောက်ရှိနေ တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်ပိုင်းက ပဲရစ်မြို့မှာရှိတဲ့ ELYSSE နန်းတော် မှာ ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် François Hollande နဲ့တွေ့ဆုံခဲ့ပါတယ်၊ ခေါင်းဆောင်နှစ်ဦးတွေ့ ဆုံအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လက်ရှိ မြန်မာ့နိုင်ငံရေး ပြုုပြင်ပြောင်းလဲမှုအခြေ အနေတွေကို ဆွေးနွေးခဲ့တယ်လို့ သမ္မတ François Hollande က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေပေါ်မှာ  ပြင်သစ်ကရော အီးယူဥရောပ သမဂ္ဂအဖွဲ့ကပါ စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ပံ့ပိုးကူညီသွား မှာ ဖြစ်ကြောင်း ပြင်သစ်သမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာ ၃နှစ်ရှိနေပြီဖြစ်နေပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဆိုတာနဲ့ အလှမ်းဝေးနေသေးကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေ၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်နိုင်ဖို့တွေ ဆက်လက်လုပ်ဆောင်ဖို့လိုနေသေးကြောင်းနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ရေးမှာ မိမိနဲ့ စစ်တပ်အကြားမှာ အမြင်မတူတာတွေရှိနေကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်ထွန်းဖို့ ပြင်သစ်နဲ့ အီးယူအဖွဲ့ရဲ့ အကူအညီတွေ အများကြီး လိုအပ်နေကြောင်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ ပြင်သစ် စစ်တပ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ ရှိသလို လွှတ်တော်နှစ်ရပ်က ဥက္ကဌတွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ  ပြင်သစ်ကို ဒုတိယအကြိမ်မြောက် ရောက်ရှိလာတာဖြစ်ပြီး ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့