ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ သွားမယ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန် ဒရာမိုဒီနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာ ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နဲ့ အင်္ဂလန် နိုင်ငံခရီးစဉ်အတွက် စက်တင်ဘာလ ၁ဝ ရက်နေ့ မနက်က ရန်ကုန်လေဆိပ်ကနေ ထွက်ခွာစဉ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီနဲ့ လာမယ့် သီတင်းပတ်မှာ တွေ့ဆုံမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာပါတယ်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း Goa ပြည်နယ်မှာကျင်းပတဲ့ ဒေသဆိုင်ရာညီလာခံ အပြီးသတ်သွားပြီး တဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကကျတဲ့ ဝန်ကြီးတွေရဲ့ အိန္ဒိယနိုင်ငံ တရားဝင်ခရီးကို အောက်တိုဘာ ၁၇ ရက်မှာ စတင်မှာဖြစ်ပြီး ၁၉ ရက်မှာ အဆုံးသတ်ပါမယ်။

ခရီးစဉ်အတွင်း ၀န်ကြီးချုပ်မိုဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယသမ္မတ Pranab Mukherjee နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်း တွေ့ဆုံပါမယ်။