ဆေးရုံကြီးက သံဃာတွေကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှု
2012.12.17
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ပန်းတောင်းတောင်သပိတ်စခန်း ဖြိုခွင်းခံရမှုမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်တွေကို ရန်ကုန်ပြည်သူ့ဆေးရုံမှာ သွားရောက်တွေ့ဆုံနေစဉ်
Photo: RFA
ဒေါ်အောင်ဆန်းစုကြည် ဟာ ရန်ကုန်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ကျော်နဲ့ လည်းတွေ့ဆုံပြီး ရန်ကုန်ဆေးရုံကြီး အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်ချက်တွေကိုလည်း မေးမြန်းဆွေးနွေးခဲ့ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပြုပြင်မွန်းမံပြီး အဆင့်မြင့် ဆေးရုံကြီး ဖြစ်မြောက်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဖွဲ့ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။









