မြန်မာလူထု အတွက် ခေါင်းဆောင်ကောင်း လိုအပ်နေကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

2015-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ခေါင်းဆောင်ဆိုတာ ဆင်းရဲဒုက္ခတွေကို ရှေ့ဆုံးကရင်ဆိုင်ပြီး အခွင့်အရေးကို နောက်ဆုံးမှ ယူသူတွေဖြစ်ကြောင်း၊ အုပ်ချုပ်တဲ့သူတွေက ချမ်းသာနေပြီး ပြည်သူအများက ဆင်းရဲငတ်မွတ်နေတယ်ဆိုတာ ခေါင်းဆောင်မကောင်း လို့ဖြစ်ကြောင်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ ထမံသီကျေးရွာမှာ ဒီနေ့ကျင်းပတဲ့ မဲဆွယ်ဟောပြောပွဲမှာ ဒေါ်အောင်းဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် အဲ့ဒီဟောပြောပွဲမှာ ကလေးသူငယ်တွေကို ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားအောင် မိဘတွေက အားပေးကြပါလို့လည်း ဒေါ်အောင်းဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

ဒေါ်အောင်းဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းက ဟုမ္မလင်းကို ရောက်ရှိလာပြီး မနက်ဖြန်မနက်ပိုင်းမှာ ဟုမ္မလင်းမှာ ဟောပြောပွဲ ကျင်းပမှာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့မှာ ရောက်ရှိနေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကို RFA သတင်းထောက် ကိုသီဟထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (2)
Share

ပညာရေး ပြုပြင်ရေး

“ကလေးသူငယ်တွေကို ငယ်စဉ်ကတည်းက နိုင်ငံရေးကို စိတ်ဝင်စားအောင်...“ သင်ပုန်းကြီးဖတ်စာက စပြင်မှ..။
ဥပမာ - (မ - မဲစာရင်းမှား သတိထား)
(ဘ - ဘဘုန်း တရုန်းရုန်း)
(သ - သာရေးနာရေး ဒို့အားပေး)

Sep 26, 2015 10:26 PM

သွပ် သွပ် သွပ်

လက်ရှိခေါင်းဆောင်တွေက “အားရှိ”အောင် သူတို့က (၀၀လင်လင် ပြည့်ပြည့်ဖြိုးဖြိုး)ဖြစ်အောင် စားလိုက်ရတာပါ။ ပြီးမှ ပြည်သူတွေ ကျွေးမယ်လုပ်တော့ “ကုန်”နေရောဗျာ။

Sep 26, 2015 02:27 PM

ဆိုက်တခုလုံးသို့