ဒေါ်အောင်ဆန်းစုကြည် ဝန်ကြီးချုပ် လီရှန်လွန်းနဲ့အတူ ညစာစားပွဲတက်ရောက်


2013-09-20
Share

စင်ကာပူနိုင်ငံကို ငါးရက်ကြာခရီး ရောက်ရှိနေတဲ့ NLD  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးဆွေးနွေးပွဲ ညစာစားပွဲကို  မနေ့ညက တက်ရောက်ပါတယ်။

၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်တင်မြှောက်ခံရရင် သူဟာ မြန်မာနိုင်ငံအတွက် အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်လိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း မစ္စတာလီရှန်လွန်းက အာဆီယံ-အရှေ့တောင်အာရှနိုင်ငံများ အသင်းင်နိုင်ငံတွေက သတင်းစာဆရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားခဲ့တယ်လို့ Channel News Asia သတင်းမျာဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူဝန်ကြီးချုပ်ရုံးဝန်ကြီးလည်းဖြစ်တဲ့ နိုင်ငံခြားရေးဒုတိယဝန်ကြီး Grace Fu  နဲ့ ခရီးစဉ်ပထမနေ့ မနေ့က တွေ့ဆုံဆွေးနွေးပါတယ်။ နှစ်ရှည်လများကောင်းမွန်လာတဲ့ စင်ကာပူနဲ့  မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့်အကြောင်းနဲ့ မြန်မာ့စီးပွားရေးနဲ့ လူမှုကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးကို စင်ကာပူက ပံ့ပိုးကူညီမယ့်အကြောင်း ဒုန်ကြီး Grace Fu   က ပြောကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုန်ကြီး Grace Fu   တို့ဟာ မြန်မာ့ပြည်တွင်းရေး နောက်ဆုံးအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်ချင်းဖလှယ်ကြပါတယ်။ တွေ့ဆုံပွဲမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့လုပ်ငန်းတာန်တွေနဲ့ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူတွေရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေအပေါ် ရှုမြင်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြပါတယ်။

ဒုန်ကြီး Grace Fu က သူ့ facebook မှာ လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သူတို့နှစ်ဦးရဲ့ ဆွေးနွေးပွဲက ကောင်းမွန်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နိုင်ငံနဲ့ သူ့ပြည်သူလူထုအတွက်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ယုံကြည်မှုအပြည့်နဲ့ ပြောကြားခဲ့တဲ့အကြောင်း ရေးသားထားပါတယ်။

စင်ကာပူကို ဒေါ်အောင်ဆန်းစုကြည် မနေ့က ရောက်ရှိလာချိန်မှာ မြန်မာနိုင်ငံသား ၂ဝဝ လောက်က Changi  လေဆိပ်မှာ သောင်းသောင်းဖျဖျကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူထိပ်သီးညီလာခံမှာ ဒီနေ့ မိန့်ခွန်းပြောကြားပါမယ်။ မနက်ဖြန်မှာတော့ စင်ကာပူရောက် မြန်မာမိသားစုတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့