ကုလ အထူး ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့ ဆွေးနွေး


2016.06.20
yangheelee-dassk-620.jpg ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဇွန်လ ၂ဝ ရက်နေ့က နေပြည်တော်က ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမမှာ တွေ့ဆုံကြစဉ်
Photo: Ministry of Foreign Affairs Myanmar

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ  မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့  ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့  ဒီနေ့တွေ့ဆုံဆွေးနွေးပါတယ်။

တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးထွန်းက လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စတွေ အဲ့ဒါတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ က ဆောင် ရွက်နေတဲ့ ဥစ္စာလေးတွေ၊ နောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စတွေ၊ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ အဲ့မှာ လွတ်လပ်စွာစုဝေးခွင့်တို့၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ကိစ္စလေးတွေ နောက် စီးပွားရေး လူမှုရေး အခွင့်အရေးဆိုင်ရာကိစ္စတွေ၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ ဥပဒေတွေပေါ့နော်၊ အဲ့စာချုပ်တွေကို မြန်မာနိုင်ငံက ပါဝင်ရေးကိစ္စတွေ၊ ရခိုင်ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဆွေးနွေးခဲ့ကြပါတယ်

ဒီခရီးစဉ်အတွင်း မစ္စယန်ဟီးလီဟာ  ရခိုင်ပြည်နယ်  တည်ငြိမ်အေးချမ်းရေးကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊  မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC တို့နဲ့လည်း တေ့ွဆုံမယ်လို့ သိရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးကျော်မိုးထွန်းကို RFA ဦးတင်အောင်ခိုင်က မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။