ပြုပြင် ပြောင်းလဲမှုတွေကို စောင့်ကြည့် ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံ ဒီမိုကရေစီ နိုင်ငံတော်စစ်စစ် ဖြစ်ဖို့ ရိုးရိုးသားသား ဆောင်ရွက်နေသလားဆိုတာ အခြေခံဥပဒေ ကို ဒီမိုကရေစီ နည်းကျ ပြုပြင်ပြောင်းလဲနေသလား ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့ပါတယ်။
2012-11-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD
ဝါရင့် နိုင်ငံရေးသမားကြီးများနှင့် အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေး သမားများကို အန်အဲလ်ဒီပါတီက ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားနေစဉ်။ photo/NLD
NLD

ဂျပန်နိုင်ငံထုတ် Mainichi သတင်းစာရဲ့တွေ့ဆုံမေးမြန်းမှု တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ ရိုးသားမှုရှိတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး Mainichi သတင်းစာက မေးမြန်းရာမှာ ဒီမိုကရေစီနည်းကျဖြစ်တယ်လို့ မပြောနိုင်သေးတဲ့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ သမ္မတ ဦးသိန်းစိန် ဘယ်လို ဆောင်ရွက်တယ်ဆိုတာ အသေအချာစောင့်ကြည့်ပြီး၊ သူ့ရဲ့ရိုးသားမှု ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်၊ ဦးသိန်းစိန်အနေနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအပေါ်မှာ အမှန်တကယ် အလေးအနက်ရှိတယ်ဆိုရင်၊ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေး အတွက် အစီအစဉ်တွေနဲ့တကွ ရှေ့ကိုတက်လှမ်းဖို့ အလေးအနက် အားထုတ်ရလိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ဒီမိုကရေစီ အစစ်အမှန်ဖြစ်ဖို့အတွက် အကြမ်းမဖက်ရေးမူဝါဒနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေအပြင် တခြားထိရောက်တဲ့ မဟာဗျူဟာတွေရှိပါသလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ကျမတို့ဟာ အကြမ်းမဖက်တဲ့နည်းကိုပဲ အမြဲကျင့်သုံးသွားမှာပါ၊ ဒီမိုကရေစီနိုင်ငံ အတော်များများရဲ့ ထောက်ခံအားပေးမှုကို ကျမတို့ရရှိခဲ့ကြပါတယ်၊ ဒါပေမဲ့ တိုင်းပြည်အတွက် ဘာလိုအပ်သလဲဆိုတဲ့ မေးခွန်းနဲ့ရင်ဆိုင်နေရတာက ကျမတို့မြန်မာလူထုအတွက် ပြဿနာတစ်ရပ်ဖြစ်နေပါတယ်၊ ကျမတို့ဟာ ပြင်ပကမ္ဘာကိုပဲ  မှီခိုနေလို့မဖြစ်ပါဘူးလို့ ဒါ်အောင်ဆန်းစုကြည်က ဖြေကြားပါတယ်။

နိုင်ငံရေးမှာ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဆိုတစ်ရပ်ကို ဘယ်သူကတင်သွင်းသည်ဖြစ်စေ၊ တိုင်းပြည်အတွက် ကောင်းကျိုးရှိမယ်လို့ ယုံကြည်တဲ့ အဆိုပြုချက်ဆိုရင် လက်ခံမယ် ဆိုတဲ့ စိတ်အခံနဲ့ ကျမတို့ လွှတ်တော်ထဲမှာ အားလုံးစုပေါင်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်၊ အရာအားလုံးဟာ ကျမတို့ပါတီရဲ့ မူဝါဒတွေနဲ့အပြည်အဝ ကိုက်ညီချင်မှကိုက်ညီပါလိမ့်မယ်၊ စစ်မှန်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ကျမတို့မြှင့်တင်ကြရမှာပါလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

ကွန်မင့်များ (1)
Share

Zan

နေရပ်- usa

You're absolutely right.

Nov 26, 2012 10:05 AM

ဆိုက်တခုလုံးသို့